Friday, April 16, 2010

`ရေစိုကာရန်´

ရင်မှာဆင်းသက်
အပြုံးတစ်ချက်နဲ့
ဝုန်းဒိုင်းကြဲနေအောင် တတ်နိုင်တယ်...
ဘယ်ဆုတောင်းက ဘယ်လိုကူညီထားသလဲ
မျက်ဝန်းလေးတွေရေစိုနေယင်း အလှတရားတွေပေါ်မှာ
ငါ့ရင်ခုန်သံခြေချမိတယ် ....
လှိုင်းထနေတဲ့ ကာရန်တွေကြားမှာ
မင်းအတွက် ရေးစပ်ဖို့ ငါ့နှလုံးသားကို အခမဲ့ထားတယ်

လွမ်းသုခ
(ဗေဒါ)

No comments: