Sunday, October 28, 2012

´Conflict များနှင့် ကခုန်ခြင်း´

ကျွန်တော် တက်ရောက်သင်ကြားနေတဲ့ Myanmar Development Resources Institute (MDRI) လက်အောက်မှာရှိတဲ့ Center for 
Strategic and International Studies (CSIS) ကဖွင့်လှစ်တဲ့ အမှတ်စဉ်(၂) The School of Peace,Democracy and Development သင်တန်း
ကျောင်းလေးတစ်ခုပါ။သင်တန်းမှာ သင်ကြားတဲ့ဘာသာ အဓိက ဘာသာရပ်တွေကတော့ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်မူ တို့ဖြစ်ပြီး
 ငြိမ်းချမ်းရေးတွင် ဘာသာခွဲ(၄)ခု ၊ ဒီမိုကရေစီ တွင်ဘာသာခွဲ (၇)ခု ၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘာသာခွဲ (၄) ခုဖြင့် စုစုပေါင်း ဘာသာခွဲငယ် (၁၅)
 ခုတို့ အားအခြေခံထားပြီးသင်ကြားပို့ ချပေးနေခြင်းဖြစ်ပါသည်။ငြိမ်းချမ်းရေး တွင်လည်း ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်မလဲ ၊ဘယ်လိုဖွံ့ဖြိုး
တိုးတက်အောင် လုပ်မလဲ စသည်ဖြင့်လည်းကောင်း၊ ဒီမိုကရေစီ ဘက်တွင်လည်း ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ အခြေခံလို အပ်ချက်များဖြစ်သော
သန့်ရှင်းသောအစိုးရအဖွဲ့ ၊ ကောင်းမွန်သော အစိုးရစနစ် ၊နိုင်ငံသားအခွင့်အရေး နှင့် အခွင့်အလမ်းများ ဆောင်ရွက်ပေးထားမူ၊ ယုံကြည်စိတ်ချရမည့်
 တာဝန်ခံမူ၊အစိုးရအဖွဲ့ ၏တာဝန်ယူမူ၊ စသောအချက်တွေ့ ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မူ နှင့်စပ်လျဉ်း ၍  ကောင်းမွန်သော လူမူ့အဖွဲ့အစည်း
 စနစ်များမည်ကဲ့သို့တည်ထောင်ရမည်နည်း၊သူများနိုင်ငံရဲ့ ဖွံ့ဖြိုးမူ မော်ဒယ်တွေက ဘာတွေလဲ ၊ မူဝါဒချမှတ်သူ (Policy Maker) တွေရဲ့ အခန်းကဏ္ဌ
 က နိုင်ငံ တစ်နိုင်ငံ အတွက် ဘယ်လောက် အရေးပါ သလဲ ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မူ (Economic Development) ကို ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်
အနေအထားနှင့် ကိုက်ညီအောင် ဘယ်လို ဖော်ဆောင်မလဲ စသော အချက်များပါဝင်သည်။ အထူး သဖြင့် ဒီသဘောတရားလေးတွေ ကို သက်ဆိုင်ရာ
Sector အသီးသီး က မူဝါဒဖော်ဆောင်သူတွေ၊မူဝါဒ ချမှတ်သူများသိစေချင်ပါသည်။ကျွန်တော်လွမ်းသုခ သိလျှင်ဖြင့်  တိုင်းပြည်ကြီးမည်သို့မျှ နေလိမ့်
မည်မဟုတ်ဟု ယူဆသောကြောင့် ဤ  စာအားရေးသားရပါသည်။
          
 
                                 ၁။ကျွန်တော့်အမြင်ကတော့ဒီလိုရှိပါတယ်....



                               










    
    ဒီပုံလေးတွေက တော့ တိုးပြည်အတွက် အာမလိုအားမရဖြစ်ယင်း တစ်ဦးအမြင်တစ်ဦး ဝေငှ နေကြသော သင်တန်းတွင်း လုပ်ဆောင်ချက်
ကလေးများပါ ကျွန်တော်က Conflict များနှင့် ကခုန်ခြင်း လို့အမည်ပေးထားပါတယ် ခံစားပျော်ရွှင်နိုင်ကြပါစေ။


လွမ်းသုခ( ဗေဒါ)

No comments: