Friday, March 25, 2011

“ဟစ်တိုင်”

ငါ့ဘ၀ဇတ်ခုံမှာ
တစ်ကွက်ဆန်းဆန်း ကခဲ့ယုံနဲ့ ကျေနပ်ရမှလား
ကိုယ့်ကိုယ်ကို ရှုပ်ထားတဲ့ကြိုးတွေအောက်မှာ
နေသားမကျတာငါညံ့လို့ဘဲ ဖြစ်မှာပါ
နေချင်တဲ့ဘ၀ကို နေနေတဲ့ဘ၀ထဲ မှာ
မြုတ်နှံလိုက်ဖို့ ကံတရားကသတ်မှတ်လိုက်ပြီလား
အရှင်လတ်လတ် နာကျင်ရက်လောက်အောင်
ငါ့နှလုံးသားက ငရဲခန်းမှမဟုတ်တာ....

လွမ်းသုခ(ဗေဒါ)

No comments: