Friday, November 27, 2009

`ချစ်တေးရယ်သီဘယ်မမှီ´

အခန်း(၁)
ကျွန်တော် ၀န်ခံပါတယ် ။ကျွန်တော်သှူုကိုချစ်မိနေပြီ။ကျွန်တော် အလန့်တကြားနဲ့
ငုံ့ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်တော်ရင်ဘတ်တစ်ခုလုံးပြည့်နေပြီဘဲဆိုတာ
သိလိုက်ရတယ်လေ။ရဲရဲတစ်ယောက်စာကျက်ရတာစိတ်မပါသဖြင့်ဒိုင်ယာရီစာအုပ်လေးထဲတွင် ရင်ဖွင့်နေမိသည်။ပြင်ဦးလွင်မြို့၏ အအေးဒဏ်သည်ရင်ထဲကအပူမီးကိုငြိမ်းနိုင်ယင်ကောင်းလေစွဟု ကဗျာဆန်ဆန်တွေးမိလိုက်သေးသည်။ကိုယ်ကိုယ်တိုင်က စစ်သားတစ်ယောက်ဖြစ်နေပေမယ့်တခါတရံ ကန့်သတ်ချက်တွေကြားမှာလှုပ်ရှားရတဲ့ဘ၀ကိုမုန်းတီးနေမိသည်။
တော်သေးတယ် စိတ်ကူးတွေလွတ်လပ်နေသေးလို့ ။နွယ်လေးရယ်...မောင့်ဘ၀ရဲ့လမင်းကြီးက ခုမှထွက်တာပါလို့ နွယ်လေးသိအောင်ပြောချင်လိုက်တာ မောင်...ရင်မောရပြီအချစ်ရယ်...
မြို့အလယ်မှာ အထီးကျန်နေတဲ့ နာရီစင်ကြီးထံမှ သြဘာပေးသံထွက်ပေါ်လာသည်။
`ဒေါင်´
တစ်ချက်တည်းပေမယ့် အဓိပ္မါယ်က
ညဥ့်နက်ပေမယ့် အတွေးမပျက်တဲ့ သခင်တဲ့လေ။

အခန်း(၂)
ရဲရဲရယ်...ရှာလိုက်ရတာဟာ၊နင်ကဒီမှာဂီတာလာတီးနေတာကိုး
ရဲဝင့်ထက် နွယ်လေးအားမော့ကြည့်ယင်း
`ငါ့ကို လာဖြီးမနေပါနဲ့၊ငါတစ်ယောက်တည်းဆိုဒီ ပိတောက်ပင်ကြီးအောက်မှာရှိနေတတ်တယ်ဆိုတာနင်သိပြီးသားဘဲဟာ´
`ဒါတွေထားလိုက်ပါဦး နင်နဲ့မွန်းနဲ့က ဘယ်လိုဖြစ်တာလဲ ၊ဟိုနေ့က ငါနဲ့တွေ့တော့
မွန်းမျက်နှာမကောင်ဘူး´
`သှူုကို အိမ်ကစာမေးပွဲပြီးယင်စေ့စပ်ပေးတော့မယ်တဲ့၊အဲ့ဒါဘယ်လိုလုပ်မလဲ လို့ငါ့ကိုလာမေးနေတယ်လေ´
`နင်ဘာပြန်ပြောလိုက်လဲ´
`မွန်း သဘောကျယင်လက်ခံလိုက်ပေါ့လို့ပြောလိုက်တယ်လေ´
သြော်ဒါ့ကြောင့်ကိုး
`နေဦး သူငယ်ချင်း၊ကျန်သေးတယ် ရော့´
`ဒီစာငါ့ဆီရောက်တာ နာရီပိုင်းဘဲ ရှိသေးတယ်´
ရဲရဲ လုံးချေထားသော စာတစ်စောင် နွယ်လေးအားပေးလိုက်သည်။
နွယ်လေးစာအားဖြန့်၍ဖတ်လိုက်သည်။
`ကို...မွန်းကိုမေ့လိုက်ပါ´
`အား...ပြတ်သားတယ်ဟေ့´
နွယ်နွယ်အောင် မကျေမနပ် အသံဖြင့် ပြောယင်း ရဲရဲအား စူးစမ်းသလိုကြည့်လိုက်သည်။
`နင်ဘာကြည့်တာလဲ ´
`သြော် ငါ့သူငယ်ချင်းမှာ ဘာဒဏ်ရာတွေကျန်ခဲ့သလဲ လို့ကြည့်တာပါ´
ရဲဝင့်ထက် ပြုံးယင်း အိတ်ကပ်ထဲမှ ချိုချဉ် (၂)လုံးအားထုတ်၍ နွယ်လေးအား တစ်လုံးပေးလိုက်သည်။
ရဲရဲ ၏စိတ်ကူးဆန်းဆန်းလေးပင် ၊ချိုချဉ်စားတယ်ဆိုတာ ခပ်အေးအေးပါဆိုသည့် အဓိပ္ဂါပင်ဖြစ်သည်။ယခုလည်းသိလိုက်သည် အေးအေးဆေးဆေး ပဲတဲ့လေ။
`နင့်ဆီက ချိုချဉ်စားတိုင်းပြောနေကျစကားလေးဘဲပြန်ပြောရမှာဘဲ ၊နင်အမြဲတမ်းချိုချဉ်စားနိုင်ပါစေလို့ငါဆုတောင်ပေးမယ်နော်´
`နွယ်လေးရယ် ငါချိုချဉ် မစားနိုင်လောက်အောင် မွဲသွားယင်လည်း နင်ဝယ်ကျွှေးပေါ့´
`ငါယူမယ့်ယောကျာင်္က ကပ်စီးနဲ ယင်တော့ နင်ငတ်ပြီ´
`ဟားဟားဟား ကောင်မလေးတစ်ယောက် ကြိုက်မယ့်သူတောင်မရှိဘဲနဲ့ယောကျာင်္းရဖို့ကိုစဉ်းစားနေသေးတယ်´
`ကောင်စုတ် ငါကနင့်လိုမဟုတ်ဘူး အေးအေး ဆေးဆေးနေချင်လို့ ဒီလိုနေနေတာသိလား´
ပြောယင်းစိတ်ကောက်သလိုအမူအရာလုပ်ပြသည်။
`နောက်တာပါနွယ်လေးရာ ၊ကြည့် နှုတ်ခမ်းကြီးစူထားတာ လှလည်းမလှဘူး၊ဟော ပြုံးတော့မယ်ပြုံးတော့မယ်...ပြုံးလာပြီ´
နွယ်လေးကြာကြာ စိတ်မကောက်နိုင်တော့ ပြုံးပြီးရဲရဲ လက်မောင်းကိုလက်သီးဆုပ်ဖြင့်လှမ်းထုလိုက်သည်။
ရယ်သံများဖြင့် လောကကြီးစိုပြေသွားသည်။
ရဲရဲ ဂီတာတီးကွာ၊ငါသီချင်းဆိုမယ်´
ရဲရဲဘာသီချင်းလဲဟုမေးမည်ပြုပြီးမမေးတော့ဘဲ သံစဉ်တစ်ခုကို အစပျိုးလိုက်သည်။`အချစ်ဆိုသည်မှာ´
အခိုက်အတန့်သော အချိန်တို့သည် ချိုမြသော သံစဉ်တေးသွား၏ အောက်တွင်ပျော်ဝင်သွားသည်။
အခန်း(၃)
`မင်းမသိဘူးလား၊ငါတို့ကျောင်းမှာကောက်ရိုးပုံစောင့်တဲ့ ခွေးတစ်ကောင်ရောက်နေတယ် ...ဟားဟား´
အဲ့ဒီစကားက နားထဲကို ကန့်လန့်မ၀င်ယင်သိပ်ကောင်းမှာဘဲ ။
`ခွပ်´
ရုတ်တရက်မို့ ရဲရဲ ကို သူငယ်ချင်းတွေ တားချိန်မရလိုက်။တစ်ဘက်လူ ရှူးရှူးရှဲရှဲ ဖြစ်နေပြီမို့
ဝင်ထိန်းလိုက်ကြသည်။
`မင်းယောကျာင်္းဆိုဒဲ့ပြော ၊နောက်ဆိုဒီထက်ပိုနာမယ်´
`တော်ကြပါတော့ကွာ ရဲရဲ မင်းကလည်းတစ်ကျောင်းတည်းသားချင်းဘဲ ကွာ ၊သူငယ်ချင်းမင်းကို လည်းတောင်းပန်ပါတယ်ကွာ ဒီကသူငယ်ချင်းတွေက လည်းမင်းတို့သူငယ်ချင်းကိုပြန်ခေါ်သွားတော့´
တစ်ဘက်လူမှာ မကျေမနပ်ဖြင့် ကြည့်ယင်းသွားခါနီး တောင်တောက်ခေါက်သွားသေးသည်။
`တောက်...ဒီကောင်ကိုအရင်တစ်ခါနွယ်လေးကိုနှောက်ယှက်တုန်းကတည်းက တီးချင်နေတာငါနဲ့ တိုက်ရိုက်မပတ်သတ်သေးလို့ခုငါ့ကိုပါစော်ကားလာတာမင်းတို့ကြားတဲ့ အတိုင်းဘဲလေ´
သူငယ်ချင်းများမှာ ရဲရဲ နှင့် နွယ်လေး အကြောင်းကို သိသူများဖြစ်၍ဘာမှမပြောကြပေ။
`ကဲ သူငယ်ချင်းဒေါသလေး နည်းနည်းလျှော့
ဟိုမှာ နွယ်နွယ်အောင်လာနေပြီ´
ကပျာကယာ သူ့ထံလျှောက်လာနေသော နွယ်လေးကို မေးဆတ်ပြယင်းပြောခြင်းဖြစ်သည်။
`ရဲရဲ ဘယ်လိုဖြစ်တာလဲ ငါနဲ့ LIBRARY
လိုက်ခဲ့ပါဆိုတော့ မလိုက်ခဲ့ဘူး၊ငါကြားကြားချင်းဒီကို လိုက်လာတာ´
`အလကားပါဟာ...ဘာမှမဟုတ်ဘူး´
ဘာအလကားလဲ ၊ငါ့ကြောင့်ဖြစ်တာ ဆိုသူကဘာပြောလို့လဲ´
`ဘာပြောလဲ နင့်ဘာသာစုံစမ်းကြည့်ဟာ၊ခုအိမ်ပြန်မှာ မဟုတ်လား ငါလိုက်ပို့ မယ်´
ရဲရဲ သူငယ်ချင်းတွေကို နှုတ်ဆတ်ပြီး နွယ်လေးနဲ့ အတူလျှောက်လာခဲ့သည်။နွယ်လေး မျက်နှာမကောင်းမှန်းသိ၍
`နွယ်လေး နင်စိတ်ဆိုးသွားတာလား´
`မဟုတ်ပါဘူးငါ့ကြောင့်ဖြစ်တယ်ဆိုလို့စိတ်မကောင်းတာပါ´
`ငါတို့နှစ်ယောက်ကိုပတ်ဝန်းကျင်ကဝေဖန်ကြတာပါဟာ၊နင်ရော ပတ်ဝန်းကျင်ကိုဂရုစိုက်လား´
`ဟင့်အင်း...ဂရုမစိုက်ပါဘူးငါတို့တွေက ခုမှဒီလိုနေကြတာမဟုတ်ဘူး ငယ်ငယ် လေးကတည်းက ဒီလိုနေလာတာဘဲဟာ´
`ဟုတ်တယ် နွယ်လေးငါတို့နှစ်ယောက်ရဲ့သံယောဇဉ်က အမြစ်တွယ်နေပြီ´
`ရဲရဲ ငါတို့ ချိုချဉ်စားရအောင်´
`အေးဟုတ်သားဘဲ ငါမေ့နေတာ´
ပြောယင်းလွယ်အိတ်ထဲလက်နှိုက်လိုက်သည်။
`သွားပြီနွယ်လေးရေ၊ငါ့ချိုချဉ်ထုတ် Desk ထဲကျန်နေခဲ့ပြီ´
`ငါ့ဆီမှာပါပါ တယ်၊နင်လုပ်လို့ ငါချိုချဉ်လေးတွေဆောင်ထားတာ အကျင့်ဖြစ်နေပြီ...ရော့´
`ဟင်...နွယ်လေးကလည်း နှစ်လုံးတောင်´
`နင့်ကို အပြစ်ပေးတဲ့ အနေနဲ့ ငါ့ကိုချိုချဉ်ခွာပြီးကျွေး´
`ဟင်းဟင်းဟင်း...အဲ့ဒီလောက်ခဲယဉ်းတဲ့ အပြစ်ပေးရလားသူငယ်ချင်းရယ်´
ရဲရဲ ခွာကျွေးသော ချိုချဉ်လေးအားစားယင်း ကလေးငယ်လေးလို အပြစ်ကင်းစင်စွာ ပျော်ရွှင်နေသော နွယ်လေးအား ကြည့်ယင်း
ရဲရဲလည်း ပျော်ရွှင်နေမိသည်။ဖြစ်နိုင်လျှင် သူငယ်ချင်းမလေးကို ထိုသို့ထာဝရပျော်ရွှင်စေချင်တာရဲရဲ ၏ ရင်ထဲကဆန္ဒတစ်ခုပါ။
ဒီနေ့ဖြစ်သော ကိစ္စနဲ့ ပတ်သတ်ပြီး ရဲရဲ ရင်ထဲမှာ တစ်မျိုးတစ်မည် ဖြစ်နေသည်၊အမည်ဖော်မပြနိုင်သောဝေဒနာဖြစ်၍
ရဲရဲ ကိုယ်တိုင်တောင် ဘာဖြစ်မှန်းမသိပေ။
ဆက်ရန်ရှိပါသည်(လွမ်းသုခ-ဗေဒါ)

No comments: