Sunday, October 25, 2009

`ပန်းဆက်ပွဲ´

ရင်ခုန်သံလှေကားထစ်တွေ ရေတွက်ယင်း
ယိမ်းယိုင်နေတဲ့ ပန်းနှုတ်ခမ်းပေါ်မှာ ပျားရည်စက်တွေတင်ထားမှန်း မသိဘူး
တမင်တကာမှောက်ထားပါတယ် ဆိုမှ ဘာဖဲလဲတဲ့
ရွေးစရာက ခါးမှာ ဓားတစ်ချောင်းဘဲရှိတယ်
သူ့ကိုထိုးမလား ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ထိုးမလား
ဖတ်လက်စနဲ့ အရက်တစ်ခွက်ကြားထဲမှာ စာလုံးရေ များများစားစားမှ မရှိတာ
သိလျှက်နဲ့ အသည်းကို မာထားမလား
ကျားထိုးသလိုဘေးမပြောကြေးလို့ ရေးထားလို့ ရယင် သိပ်ကောင်းမယ်
ဒီတစ်ပွဲကို ငါမရှုံးအောင်ပေါ့.....

လွမ်းသုခ(ဗေဒါ)

No comments: