Thursday, October 22, 2009

`လျှပ်စီးလက်တဲ့ အချစ်´

ဒုတိယကမ္ဘာစစ်တွင်းက အင်္ဂလန်နိုင်ငံ ရဲ့ရွာလေးတစ်ရွာမှာ ဆရာဝန်တစ်ဦးရယ်၊ ဇနီးသည်လူပမာတစ်ဦးရယ် ၊(၆)နှစ်အရွယ်သားလေးတစ်ဦးရယ် မိသားစု(၃)ယောက်နေထိုင်
ကြတယ် သူတို့ ဆီမှာလက်တိုလက်တောင်းခိုင်းဖို့ အတွက် ဂျာမန် ကျွန်မလေးတစ်ဦးရှိတယ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ဂျာမန်တွေကို ရွာတွေက နေရိုက်ပုတ်မောင်းထုတ်ကြတယ် ...
ဆရာဝန်တို့ အိမ်ကိုလည်းဝိုင်းထားကြတယ် ...အဲ့ဒီအခါမှာ ဆရာဝန်က ဂျာမန်မလေးကိုသနားပြီး
နောက်ဖေးပေါက်ကနေထုတ်ပြီး စားစရာတွေပေးပြီးထွက်ပြေးစေတယ် ...သားလုပ်တဲ့သူက သကြားလုံးခိုးစားတယ် ပြီးတော့ သကြားလုံးပုလင်းထဲကို ဆေးလုံးတွေပြန်ထည့်ထားတယ် ...အမေလူပမာသည်က မသိဘဲ အဆိပ်ဆေးလုံးတွေယူစားလိုက်တယ် သေတဲ့အခါမှ နေအိမ်ဘေးက ဆိတ်ကျောင်းနေတဲ့ အဘွားကြီးက တိုင်တယ် ဆရာဝန်က မိန်းမဖြစ်သူကို အဆိပ်နဲ့လုပ်ကြံလိုက်တယ်
ပြီးတော့ ကျွန်မလေးကို ခေါ်ပြီး အိမ်နောက်ကနေခိုးပြေးတယ်လို့ တိုင်လိုက်တယ်
နောက်တော့ ဆရာဝန်က အမှူဖြစ်ပြီ
ရုံးရောက်သွားတယ်
တရားသူကြီးက တစ်ခွန်းတည်း ခတ်ဆတ်ဆတ်မေးလိုက်တယ်
မင်း ကျွန်မလေးကို ချစ်နေလားတဲ့
အဲ့ဒီတော့ မှ ဆရာဝန်ကြီးအံ့အားသင့်သွားတယ်
ဟုတ်တယ်
ကျွန်တော် ဂျာမန်မလေးကို ချစ်နေတာ ကြာပါဘီတဲ့
သူ့ ကိုယ်သူကျွန်မလေးကို ချစ်နေတာ သူအတူနေတဲ့တစ်လျှောက်လုံးမသိဘူး
မခံစားမိဘူးလေ
တရားသူကြီး တခွန်းတည်းမေးမှ သူစဉ်းစားမိသွားတယ်
အဲ့ဒါက တော့ သူဂျာမန်မလေးကို ချစ်နေတယ် ဆိုတာပါဘဲ .....
အချစ်ဆို တာ တစ်ခါတစ်ခါ ချစ်နေမှန်း မသိရဘဲ အံ့သြစရာကောင်လောက်အောင်ရှေ့ကိုရောက်လာတတ်တာမျိုးပင် ....အချစ်ဆိုတာလူတစ်ကိုယ် စိတ်တမျိုးဖြစ်တဲ့ အတွက် တစ်ယောက် တစ်မျိုးဖြစ်နိုင်ကြပါတယ် ကျွန်တော် အတွက် ကတော့ သတ်မှတ်ထားတဲ့ ရင်ခွင်နှစ်ခုဝေးပြီးမနေနိုင်တာ အချစ်လို့ သတ်မှတ်ထားပါတယ် တွေးယူတတ်နိုင်ပါစေ...

လွမ်းသုခ(ဗေဒါ)

No comments: