Thursday, August 14, 2008

ချစ်သော ဂူးရာ ( ဇာတ်သိမ်းပိုင်း ) ( အသွင်တစ်မျိုး)

၁၁. ကျွန်တော်တို့ နှစ်ယောက်ရဲ့ချစ်ခရီးလမ်းလေးကတော့သာယာလွန်းလှတယ်..
တစ်ယောက်နဲ့ တစ်ယောက်အပြန်လှန်မှီခိုအားထားပြီး ချစ်ကြတာဆိုတော့
တစ်နေ့ ထက်တစ်နေ့ ပိုတိုးပြီးချစ်ကြတယ်..မနက်စာ စားပြီးတာနဲ့ ကျွန်တော်
တို့ နှစ်ယောက် ဆာကောညီကီ..ပန်းခြံလေးထဲမှာလမ်းလျောက်ရင်းအကြင်
နာစကားလေးတွေဆိုဖြစ်တယ်..တစ်ခါတစ်ရံပန်းခြံထဲကခုံတန်းလေးထဲမှာ
ထိုင်ပြီး ကျွန်တော်ကစိုင်းထီဆိုင်သီချင်းလေးတွေဆိုပြတက်တယ်..အဲ့ဒီအ
ချိန်မျိုးဆိုရင်တော့သူမကနားမလည်ပေမယ့်နားလည်သည့်အလား ကျွန်တော့
ရင်ခွင်ထဲမှာငြိမ်ပြီးနားထောင်နေတက်တယ်..
’’ မောင်…မောင့်အသံကို နဲနဲလောက်ဝေဖန်ကြည့်မယ်နော် ရမလားဟင်’’
’’ အင်းဝေဖန်ကြည့်လေ..ဂူးရာ’’
’’ မောင့်အသံက ကောင်းတယ်လို့ မဆိုနိုင်ပေမယ့် အရမ်းဆွဲဆောင်မှု့ ရှိတယ်
သိလား…ကျွန်မ တနေ့ နေ့ မောင့်သီချင်းသံမကြားရရင် ရင်ထဲမှာတစ်ခုခု လို
နေသလိုပဲ မောင်ရာ ’’
’’ ဟာ.. အချစ်ရယ်.. မောင့်ကိုဒီလောက်တောင်ပဲချစ်ရလားကွာ မောင်ကြည်နူးလိုက်
တာကွာ’’ သူမရှက်ပြုံးလေးနဲ့ ကျွန်တော့နားသယ်စပ်လေးကို ဖွဖွနမ်းရင်း
’’အရမ်းချစ်တာထက်ကိုပိုပါတယ်..မောင်…’’
ပတ်ဝန်းကျင်မှာငှက်ကလေးများရဲ့တေးသီသံပျံလွင့်နေသည်

၁၂ .ဒီနေ့ ကျွန်တော့ဘေးကပ်ရက်ကုတင်ကသူငယ်ချင်းဂျိမာဆေးရုံပေါ်ကဆင်းခွင့်
ရတယ်…ရလဒ်ကောင်းနဲ့ ဆင်းခွင့်ရတော့သူ့ မျက်နာပေါ်က အပြုံးတွေ
က ဝင်းပလို့  ဆေးရုံတစ်ခုလုံးကိုမမောမပန်းလိုက်နှုတ်ဆက်နေလေရဲ့ 
’’ လွမ်းရေ.. ကိုယ်ကတော့ရလဒ်ကောင်းနဲ့ ဆင်းခွင့်ရလို့ အရမ်းပျော်နေမိတယ်ကွာ’’
’’အေးကွာ.. တို့ လည်းမင်းကိုယ်စားအရမ်းပျော်ပါတယ်ကွာ’’
’’မင်းတို့ အားလုံးလည်း ငါ့လိုပဲအမြန်ဆုံးနေပြန်ကောင်းလာပါစေကွာ’’
’’ကျေးဇူးတင်ပါတယ်ကွာ..ငါတို့ အားလုံးအမြန်ဆုံးပြန်ကောင်းလာမှာပါကွ’’
ကျွန်တော့ဘေးကကုတင်လေးကတော့ပိုင်ရှင်မဲ့သွားပြီပေါ့ဗျာ

၁၃. “ဂူးရာ.. ဒီနေ့ ရာသီဥတု လေးအရမ်းကိုသာယာတာပဲနော်’’
’’ဟုတ်တယ်နော် မောင်..’’
’’ ဂူးရာမောင်တို့ နှစ်ယောက်ဟိုတစ်ခါက မိုးတွေ ရွာလို့ ရုပ်ရှင်သွားမကြည့်
ဖြစ်ဘူးနော်’’
’’အင်းဟုတ်တယ်နော်မောင်…ဒါဆိုဒီနေ့ သွားကြည့်ကြရအောင်လေနော်’’
’’ အိုကေ..ဒါဆိုအဝတ်စားအမြန်သွားလဲချေ’’
’’ဟုတ်ကဲ့ပါမောင်ရယ် ..ခဏပဲစောင့်နော် အလှဆုံးဖြစ်အောင်ပြင်လာခဲ့မယ်’’
ခဏပဲစောင့်လိုက်ရတယ် သူမအဝတ်စားလဲပြီးပြန်ထွက်လာတယ်..သူမဝတ်စား
ပုံကိုကြည့်ပြီးစိတ်ထဲတော်တော်ဘဝင်မကျဖြစ်မိသွားတယ်… သူမကနေရောင်
ခြည်ကိုအန်တုပြီးအရဲလွန် အဝတ်စားတွေ ဝတ်ထားလေရဲ့ ဗျာ….နာရီကြည့်လိုက်
တော့ရုပ်ရှင်ချိန်နီးနေပြီ..ပြန်လဲခိုင်းဖို့ ကလည်းအချိန်မရှိတော့ဘူး သူမကိုဒီလိုအဝတ်
စားမျိုးနဲ့ မမြင်လိုပါ တစ်ခါတစ်လေ ကျွန်တော့စိတ်ကူးထဲမှာသူမကို မြန်မာအဝတ်
စားလေးတွေနဲ့ မြင်ယောင်ကြည့်မိတယ်…သူမနဲ့ အရမ်းလိုက်ဖက်တာပဲဗျာ…
အဲ့ဒီနေ့ ကတော့သူမကိုဒီလိုမျိုးမဝတ်စေချင်ကြောင်မပြောဖြစ်ခဲ့ပါဘူး

၁၄. ၂ ယောက်သားကြင်ကြင်နာနာနဲ့ လက်ချင်းချိတ်ပြီးရုပ်ရှင်ရုံကပြန်လာတော့ ဆေး
ရုံအဝင်ဝနားမှာ အန်ဒရေ့ ကိုလူစိမ်းတစ်ယောက်နဲ့ စကားပြောနေတာတွေ့ ရတယ်
အန်ဒရေ့က ကျွန်တော်တို့ ၂ ယောက်ကိုမြင်တော့ လက်ယပ်ခေါ်သည်
’’ လွမ်း ဒါတို့ ဘေးကုတင်ကိုရောက်လာတဲ့လူနာသစ်ကွ နာမည်က သောမတ်တဲ့
.. သောမတ်ရေ ဒါက ကိုယ်ပြောတဲ့ လွမ်းသုခတဲ့ အဲဒီကမရွှေချောကတော့ဂျွန်နေးတဲ့’’
’’ဟုတ်ကဲ့ကျွန်တော့နာမည်ကသောမတ်ပါ..လွမ်းနဲ့ ဂူးရာအကြောင်းအန်ဒရေ့ ပြော
လို့ ကျွန်တော်သိပြီးပါပြီ လိုအပ်တဲ့ အကူညီလေးတွေ လဲပေးပါအုံးဗျာ ’’
သောမတ်ကလည်းကျွန်တော်တို့ အရွယ်ဆိုတော့ခဏလေးနဲ့ ခင်ခင်မင်မင်ဖြစ်သွား
ကြတယ်

၁၅. ဒီနေ့ တော့အဆောင်မှာယူစရာလေးတွေရှိလို့ မနက်စာစားပြီးတော့..လူတွေအလစ်
မှာချစ်သောဂူးရာကိုအနမ်းလေးတစ်ပွင့်နဲ့ နှုတ်ဆက်ပြီးဆေးရုံကနေထွက်လာခဲ့တယ်
အဆောင်ရောက်တော့လုပ်စရာရှိတာလေးတွေလုပ်ရင်း သူငယ်ချင်းတွေ ရဲ့တစ်
ယောက်ပြီးတစ်ယောက်ကျန်းမာရေးအခြေနေလာမေးတာကိုလည်းပြန်ဖြေရသေး
တယ်..သူငယ်ချင်းတွေကညနေစာပါချက်ကျွေးတော့ဆေးရုံပြန်တာနောက်ကျသွား
တယ်..ဆေးရုံဝင်းထဲလည်းရောက်ရောမျက်စိက ကျိန်းစပ်ပြီးလူကကျွဲမြီးတိုသွားတယ်
ဂူးရာနဲ့ သောမတ် ကခုံတန်းလေးတစ်ခုမှာထိုင်ပြီးစကားတွေပြောပြီးရယ်နေကြတယ်
ကျွန်တော့ကိုတွေ့ တော့ဂူးရာက အပြုံးလေးနှင့် လှမ်းခေါ်သည်
’’ မောင်ပြန်လာတာနောက်ကျတယ်နော်’’
’’ ဟုတ်တယ်.. သူငယ်ချင်းတွေကဆွဲထားလို့ ’’
’’ ဒီမှာလေ သောမတ်က ဂူးရာမပျင်းအောင် ဟာသ လေးတွေပြောပြနေတာ’’
’’ ဟုတ်ပါတယ် လွမ်း ’’
’’ အော်….’’ ကျွန်တော်ပြန်ပြုံးပြလိုက်မိတယ် ဒါပေမယ့် ဒီအပြုံးကမပီပြင်နိုင်ဘူး
ဆိုတာတော့သိနေတယ် ဂူးရာကိုကြည့်တော့အရဲလွန်အဝတ်စားနဲ့  ၂ယောက်သား
ပူးပူးကပ်ကပ်လေးထိုင်လို့ စကားဆက်ပြောဖို့ အားမရှိသလိုခံစားလိုက်ရတယ်
’’မောင်နားလိုက်အုံးမယ်နော် ..’’
’’ အင်း နားလေ မောင်… ဂူးရာတို့ ကတော့စကားဆက်ပြီးပြောဖြစ်အုံးမယ်’’
’’ အော် အင်းပါ ၂ ယောက်လုံးပဲ ကိုယ်သွားပြီနော်’’
ဂူးရာကိုပါတစ်ခါတည်းလက်ကဆွဲပြီးခေါ်လာချင်ပေမယ့် ရိုင်းရာကျမှာစိုးလို့ မခေါ်
ဖြစ်ခဲ့ဘူး.. သူမကလည်းကိုယ့်ချစ်သူမျက်နှာလေးကိုတောင်အကဲမခတ်တက်ဘူး
လားကွာ………….

၁၅ .ဒီနေ့ ကတော့ချစ်သောဂူးရာရဲ့ ၂၂ နှစ်မြောက်မွေးနေ့ လေးပါ… သူငယ်ချင်းတွေ
အားလုံးပိုက်ဆံစုပြီးတော့မွေးနေ့ ပွဲလေးကိုဂူးရာတို့ အခန်းလေးထဲမှာပဲလုပ်ဖြစ်
ခဲ့ကြတယ်… ချစ်သောဂူးရာလေးကတော့ဒီနေ့ ထူးထူးခြားခြားလေးကိုလှနေတာ
ပဲဗျာ..မွေးနေ့ ကိတ်လှီးပြီးတော့ သူတို့ ရဲ့ဓလေ့အတိုင်းကစားပွဲလေးတစ်ခုလုပ်ကြ
တယ်..စာရွက်တစ်ခုပေါ်မှာစာတွေရေးထားပြီးအန်စာတုံးလိုလေးထောင့်တုံးလေးနဲ့ 
လှိန့် ပြီးကျတဲ့စာလုံးအတိုင်းမွေးနေ့ ရှင်ကလုပ်ပြရတဲ့ကစားပွဲလေးပါ..ဂူးရာကလေး
ထောင့်တုံးလေးကိုလှိန့် လိုက်တယ် ..’’ဗိုက်’’ ဆိုတဲ့စာလုံးပေါ်ကိုအတုံးလေးကရောက်
သွားတယ် ကျွန်တော်လဲတစ်ခါမှမကြုံဘူးတော့ သူမဘာဆက်လုပ်မလဲဆိုတာစောင့်
ကြည့်နေလိုက်တယ်… အဲဗျာ.. ဂူးရာကကျွန်တော့ဘက်ကိုလှည့်လာပြီးတော့ သူမ
ရဲ့အင်္ကျီကိုဗိုက်ပေါ်အောင်လှန်လိုက်ပြီးတော့ကျွန်တော့ကိုနမ်းခိုင်းတယ်… ကျွန်တော့
မျက်နှာပူခနဲဖြစ်သွားသလိုခံစားလိုက်ရတယ် ကျွန်တော်ခေါင်းရမ်းပြပြီးရယ်ကျဲကျဲလုပ်
နေလိုက်တယ်..ကျွန်တော်လဲရှက်တက်တယ်ဗျ..ဂူးရာကတဖန် အတုံးလေးကိုလှိန့် 
လိုက်ပြန်တယ်..ဒီတစ်ခါလည်း’’ ဗိုက်’’ ဆိုတဲ့စာလုံးပေါ်ကိုပဲကျပြန်တယ်.. ဒီတစ်ခါ
သူမကသောမတ်ဆီသွားပြီးခုနကအတိုင်းဗိုက်ကိုလှန်ပေးပြီးနမ်းခိုင်းပြန်တယ်..
သောမတ်ကညင်ညင်သာသာလေးနမ်းလိုက်တယ်..ကျွန်တော့ရင်ထဲမှာ နျူးကလီး
ယားဗုံးတစ်လုံးပေါက်ကွဲသွားသလိုပဲ.. ကျွန်တော်ဒီမြင်ကွင်းကိုလုံးဝမခံစားနိုင်ဘူးဗျာ
ကိုယ့်ချစ်သူကိုတစ်စိမ်းယောက်ျားလေးကနမ်းတဲ့မြင်ကွင်းလောက်ဆိုးရွားတဲ့အရာမရှိ
ဘူးဗျ.. သောမတ်ရဲ့မျက်နှာကိုစိတ်ရှိလက်ရှိထိုးပြစ်ချင်တဲ့စိတ်တွေကတဖွါးဖွါးပဲ
အားလုံးကတော့ဘာမှမထူးခြားသည့်အလားပုံမှန်ပဲ..ကျွန်တော့မှာသာ……..

၁၆. “ဂူးရာ.. မောင်မကြိုက်ဘူးကွာ..’’
’’ ဟင်.. ဘာကိုလည်းမောင်..အစပ်ဆက်မရှိပဲ ဘာကိုမကြိုက်တာလည်းဟင်မောင်’’
’’ အားလုံးပဲကွာ. သောမတ်နဲ့ ရီရီမောမောစကားပြောတာလည်းမောင်မကြိုက်ဘူး
ပြီးတော့ဂူးရာရဲ့အရဲလွန်အဝတ်အစားတွေလည်းမောင်မကြိုက်ဘူးကွာ’’
’’ အော်.. မောင်ရယ် ဘာများလဲလို့ .. သောမတ်နဲ့ ကရိုးရိုးခင်တာပါ..အဝတ်အစား
ကလည်းဒီနိုင်ငံမှာဒီလိုပဲဝတ်ကြတာပဲလေမောင်ရာ..ဒါအဆန်းမှမဟုတ်ပဲ’’
’’မောင်နားလည်တယ်..ဒါပေမယ့်မောင့်စိတ်ထဲမှာဘယ်လိုမှဘဝင်မကျနိုင်ဘူးကွာ’’
’’ဒါ..မောင်ဂူးရာကိုသက်သက်အပြစ်ရှာတာပဲ ’’
’’မောင်အပြစ်ရှာတာမဟုတ်ဘူးဂူးရာ မောင့်ချစ်သူကိုချစ်လွန်းလို့  သဝန်တိုလို့ ပြော
တာကွ’’
’’ မောင့်ကို ဂူးရာ ဘယ်လောက်ချစ်တယ်ဆိုတာမောင်လဲသိသားနဲ့ ’’
’’မောင်သိပါတယ်ဂူးရာ ဒါပေမယ့် မောင်ရဲ့မြန်မာစိတ်ဓါတ် မြန်မာမျက်စိနဲ့တော့နဲနဲမှ
ကို ဘဝင်မကျနိုင်ဘူးဂူးရာ..မောင်တို့ မြန်မာမိန်းကလေးတွေက ကိုယ့်ချစ်သူ ကိုယ့်
ခင်ပွန်းမဟုတ်တဲ့သူစိမ်းယောက်ျားလေးတွေနဲ့ ပွေ့ ဖက်နမ်းရှုပ်တာမလုပ်ကြဘူး..
ပြီးတော့ အရဲလွန်အဝတ်အစားဝတ်ပြီးယောက်ျားလေးတွေနဲ့ လည်းဖက်လှဲတကင်း
မနေကြဘူးကွ’’
“အိုး ဒါမြန်မာပြည်မဟုတ်ဘူးမောင်.. မောင်ဒါမျိုးတွေလာပြောလို့ မရဘူး.. ဒါဒီနိုင်ငံ
ရဲ့ဓလေ့ထုံးစံပဲ.. ဂူးရာတစ်ယောက်ထဲထူးထူးခြားခြား ပိုကဲနေတာလည်းမဟုတ်ဘူး’’
အဲ့ဒီ့ညက ၂ယောက်သားခုံတန်းလေးမှာကျောခိုင်းပြီးစကားမပြောနိုင်ဖြစ်ခဲ့ကြတယ်
သူမစိတ်ကောက်နေမှန်းသိပေမယ့်ကျွန်တော်ကတော့ချော့ချင်စိတ်မရှိခဲ့ဘူးဗျာ

၁၇. အဆောင်ကကျောင်းသားခေါင်းဆောင် ဖုန်းဆက်ခေါ်လို့ အဆောင်ကိုနေ့ လည်
လောက်မှာပြန်လာခဲ့တယ်..ရောက်ရောက်ချင်းကြားရတဲ့သတင်းကခန္ဓာကိုယ်နဲ့ 
စိတ်အသိနဲ့ ကြားမှာအဆုံးမရှိတဲ့လေဟာပြင်ကြီးကာဆီးသွားသလို ..အိမ်မက်ထဲ
မှာယောင်တောင်တောင်နဲ့ လမ်းလျှောက်နေရသလို..လောကကြီးရဲ့အပြင်ဖက်ပဲ
ရောက်သွားသလိုခံစားလိုက်ရတယ်..ကျွန်တော့ကျန်းမာရေးအခြေနေတိုးတက်လာ
လို့ မြန်မာပြည်ပြန်ရတော့မယ်တဲ့ဗျာ.. ၃ ရက်ပဲအချိန်ကရတော့တယ်… ကျွန်တော့
ဘဝရဲ့အချိုးအကွေ့ တွေကများလွန်းတယ်မြန်ဆန်လွန်းတယ်..လေနုအေးထက်လေ
နီကြမ်းတိုက်တာကပိုများလွန်းတယ်ဗျာ.. ဒါပေမယ့်ကျွန်တော်ယောက်ျားပါ..အရာ
ရာတိုင်းကိုလက်တွေ့ ကျကျရင်ဆိုင်နိုင်ပါတယ်..ကိုယ်ရောက်မယ့်နေရာမှာအကောင်း
ဆုံးဖြစ်အောင်ကျွန်တော်နေထိုင်မှာပါ…ကျွန်တော့မှာစီစဉ်စရာတွေကအများကြီးပဲ
ပြန်မဲ့ရက်ကလည်းအရမ်းကပ်လွန်းနေပြီ…အဆောင်မှာတွေ့ သင့်တဲ့ကျောင်းသား
ခေါင်းဆောင်တွေနဲ့ တွေ့ ပြီးလုပ်စရာရှိတာ တချို့ လိုက်လုပ်ရတော့တယ်…

၁၈ .ဆေးရုံကိုညနေပြန်ရောက်တော့ ချစ်သောဂူးရာကို ခုံတန်းလေးမှာတစ်ယောက်
ထဲထို်င်နေတာတွေ့ လိုက်တယ်.. ကျွန်တော့ရင်ထဲမှာစူးအောင့်တဲ့ဝေဒနာကိုခံစားလိုက်
ရတယ်..နှလုံးသားနေရာကနာကျင်လွန်းတယ်ဗျာ.. ကျွန်တော်သူမကိုရင်ခွင်ထဲထည့်
ပြီး ကျွန်တော့ကိုယ်ကျွန်တော် အတည်ငြိမ်ဆုံးဖြစ်အောင်ကြိုးစားပြီး ကျွန်တော့ရဲ့အ
ဖြစ်ကိုပြောပြဖြစ်တယ်. သူမကတော့ထုံးစံအတိုင်း ကျွန်တော့ရင်ခွင်ထဲမှာငြိမ်ငြိမ်လေး
နဲ့ နားထောင်နေတယ်.. ဒါပေမယ့်သူမကျောပြင်လေးကတော့ တသိမ့်သိမ့်နဲ့ ရှိုက်ငိုနေ
မှန်းသိသာတယ်..ချစ်သူနဲ့ ခွဲရမယ့်ဝေဒနာကိုနှစ်ဦးစလုံး ထပ်တူခံစားကြရတယ်
အဲ့ဒီညမှာဆေးရုံကသူငယ်ချင်းတွေကိုလိုက်ပြီးနှုတ်ဆက်ဖြစ်တယ်..မနက်ရောက်
တော့ဆေးရုံအုပ်ကြီးနဲ့ တွေ့ ပြီးဆေးမှတ်တမ်းတွေ ယူ .. ဆေးရုံကဆင်းခွင့်တွေလုပ်
ရတယ်.. သိမ်းဆည်းစရာရှိတာတွေသိမ်းနေတုန်း ဂူးရာကကျွန်တော့ကိုလာပြီးကူ
သိမ်းပေးတယ်.. သူမမျက်ခွံလေးတွေက အရမ်းကိုမို့ အစ်နေတာတယ် ငိုထားတဲ့မျက်
နှာလေးကနီရဲနေတာပဲ.. ရင်တစ်ခုလုံးဟာလာဟင်းလင်းကြီးပဲဗျာ.. အားလုံးသိမ်း
ဆည်းပြီးတော့သူမလက်ကလေးကိုဆွဲပြီးကျွန်တော်တို့ နှစ်ယောက်အမြဲတမ်းထိုင်နေ
ကြခုံတန်းလေးဆီကိုထွက်လာခဲ့ကြတယ်.. သူမကိုရင်ခွင်ထဲမှာတင်းတင်းကျပ်ကျပ်
ပွေ့ ထားပြီး စိုင်းထီဆိုင်သီချင်းလေးဆိုပြနေမိတယ်.. နှစ်ယောက်လုံးမှာပြောစရာ
စကားတွေကမဲ့နေပြီး နှုတ်ဆက်အနမ်းလေးတွေက ညင်သာလွန်းတယ် သူမရဲ့မျက်
ရည်တွေလည်းကျွန်တော့ပါးပြင်ကိုကူးစက်ကုန်ကြတယ်

၁၉. သူငယ်ချင်းဖြိုးငယ်..ကျွန်တော်တို့ နှစ်ယောက်ရှိတဲ့ခုံတန်းလေးဘက်ကိုလျှေက်လာ
တာတွေ့ လိုက်ရတယ်.. သူကကျွန်တော့်ပစ္စည်းတွေကိုလာပြီးကူသယ်ပေးတာလေ
ဖြိုးငယ်ဆိုတာကကျွန်တော့ရဲ့နှလုံးသားရေးရော ကျွန်တော့ဘဝအကြောင်းတွေကို
ရောအားလုံးသိတဲ့ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းကောင်းတစ်ယောက်ပေါ့ဗျာ
’’ဂူးရာ နေကောင်းရဲ့လားဗျာ’’
’’ ဟုတ်ကဲ့ ကောင်းပါတယ်ဖြိုး..ဒါပေမယ့် ရင်ခွင်တစ်ခုလုံးက နာပြီးလူကအားမရှိ
သလို ခံစားနေရတယ် ဖြိုး’’
’’ကျွန်တော်လည်းစိတ်မကောင်းပါဘူး ဂူးရာ’’
’’ တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာကြိုတွေးပြီးသားပါဖြိုးရယ်.. ခံနိုင်ရည်ရှိရမှာပေါ့’’
’’ ဟုတ်ပါတယ်ဗျာ.. ဂူးရာလည်းကျန်းမာရေးကိုဂရုစိုက်နော် အမြန်ဆုံးပြန်ကောင်း
ပါစေဗျာ’’ သူမ မချိပြုံးလေးပြုံးသည် နောက်တော့ကျွန်တော့မျက်နှာကိုမော့ကြည့်
ပြီး ’’ မောင့်ကို ဂူးရာမပြောရသေးတာရှိသေးတယ်.. ဂူးရာမှာအဆုပ် တစ်ခြမ်းပဲရှိတော့
တာ.. ခုထပ်ပြီး TB ရောဂါထပ်ဖြစ်တယ်ဆိုတော့ ဆရာဝန်က ဂူးရာကို .. သိပ်ကြာ
ကြာမနေရတော့ဘူးတဲ့ မောင်ဝမ်းနည်းမှာစိုးလို့ မပြောပဲထိန်ချန်ထားတာပါ မောင်’’
လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်ဗျာ ကျွန်တော့မှာလည်းစကားလုံးတို့ 
ပျောက်ဆုံးကုန်တယ် ကျွန်တော့အသဲနှလုံးတစ်စုံကိုလက်ကြမ်းကြမ်းနဲ့ ညှစ် လိုက်သလိုခံစားလိုက်ရတယ်.. နောက်တော့သူမကပဲ
’’ မောင်တို့ နောက်ကျနေအုံးမယ် သွားတော့လေ… မောင်.. ဂူးရာ နောက်ဆို မောင်
မကြိုက်တဲ့အရဲလွန် အဝတ်တွေကိုမဝတ် တော့ဘူးနော် မောင်.. မောင်မဟုတ်တဲ့သူ
စိမ်းယောက်ျားလေး နဲ့ လည်းအရမ်းကြီး ရင်းရင်းနှီးနှီးမနေတော့ဘူးနော်မောင် ’’
ကျွန်တော့ရင်တစ်ခုလုံးသူမကို ချစ်တဲ့အချစ်နဲ့ ပွင့်ထွက်သွားမလားတောင်ထင်ရတယ်
ဗျာ.. သူမရဲ့ နဖူးလေးကိုနောက်ဆုံးနှုတ်ဆက်အနမ်းလေးပေးပြီး ကျွန်တော်သူမအနား
ကနေထွက်လာခဲ့တယ်

၂၀. ကျွန်တော့မှာအဆောင်ပြန်ရောက်တော့လည်း တစ်ချက်မှကိုမနားရပါဘူးဗျာ စီစဉ်
စရာတွေကများလွန်းတယ်..လိုအပ်တဲ့ပစ္စည်းတွေလိုက်ဝယ်ရ.. သံရုံးသွားရနဲ့ နှစ်ရက်
ဆိုတဲ့အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး … ရောက်ပါပြီ
ရှယ်ရယ်မြန်ကျယ်ဘာ.. လေဆိပ်ကို သူငယ်ချင်းဖြိုးငယ်နဲ့ သန့် ဇင်အောင်ကလိုက်
ပို့ ပေးတယ်.. လေယာဉ်က မနက် ၁၀ နာရီထွက်မှာ.. လေယာဉ်ပေါ်တက်ဖို့ နာမည်
တွေ ခေါ်နေပြီ .. ကျွန်တော် သူငယ်ချင်းနှစ်ယောက်ကိုပွေ့ ဖက်နှုတ်ဆက်လိုက်တယ်
ကျွန်တော်လေယာဉ်ပေါ်ရောက်တော့လေယာဉ်ကထွက်ခါနီးနေပြီ… ကျွန်တော့်ဖုန်း
လေးကိုသတိရသွားမိတယ် ဖုန်းလေးကိုထုတ်ကြည့်မိတော့ဖုန်းထဲမှာ ပိုက်ဆံကသိပ်
မကျန်တော့ဘူး..အလုပ်တွေကရှုပ်လွန်းလို့ ဖုန်းထဲမှာပိုက်ဆံနဲနဲပဲကျန်တော့တာကို
သတိမထားဖြစ်ခဲ့ဘူးဗျာ.. လက်ကရင်းနှီးဖြစ်တဲ့နံပါတ်လေးတစ်ခုကိုနှိပ်လိုက်တယ်
’’ ဟယ်လို ..မောင်’’ အသံလေးကဖျော့တော့ပြီး အနားသတ်မှာလှိုင်းခတ်နေတယ်
’’ ဂူးရာ .. ရာ ကြည်ပြာ အိုးချင်း လုဘလူး( မောင်မင်းကိုအရမ်းချစ်တယ်)’’
’’ ရာ သိုရှယ်ပါ.. မောင် (ကျွန်မလည်းမောင်နဲ့ ထပ်တူထပ်မျှချစ်တယ်)’’
လေယာဉ်ကြီးနဲနဲတုန်သွားတယ် လေယာဉ်စထွက်ပြီမှန်းသိလိုက်တယ်.. ဖုန်းထဲက
ပိုက်ဆံလည်းကုန်သွားလို့ ထင်တယ် လေလှိုင်းလေးလဲပြတ်တောက်သွားတယ်…

လွမ်းသုခ(ဗေဒါ)

1 comment:

Unknown said...

ကိုလွမ်းသုခကြီးရယ်
ခင်းဗျား ရုရှားက လေယာဉ်ဘီးလုံးကြီး က ရုရှာမြေနဲ့ထိနေတဲ့ အချိန်မှာ ခင်ဗျားဖုန်းဆက်ဘို့သတိရတာ က ၀ူးရာ တစ်ယောက်ထဲကိုဘဲလားဗျာ
ရုရှားမြေ မစွန့်ခွာခင်မှာ ခင်ဗျားကျနော်ကိုသတိရနေအုံးမယ်လို့ကျနော်ထင်နေခဲ့တာ
ခင်ဗျားက ၀ူးရာကိုဘဲ ဖုန်းဆက်ဘို့သတိရခဲ့တယ်နော်
lsai Z ရဲ့ သီချင်းကို အစကတည်းက နှစ်ခြိုက်ခဲ့သူမို့ အခုလည်းဘဲ အဲဒီသီချင်းဘဲ ဆက်ပြီးနားထောင်နေတယ်ဗျာ
အမြဲတမ်းလေ နေတဲ့
တေလေ၂၂