လှိုင်းအတိတ်မှာ စိုးထိတ်မိတဲ့အရိပ်ကလေးရယ်
ဖ၀ါးထပ်မခွာ ကမ်းကပ်အလာကိုမျှော်မိတယ်
လတစ်စင်းနဲ့ညခင်းမှာ ကြည်နူးဖို့ရွယ်
လေညှင်းသဲ့သဲ့ ကင်းအလှည့်စေ့မယ်...
အဝေးရောက်တဲ့ငှက်ငယ်
ဘ၀အမောတွေပြေဖို့
အကြင်နာရိပ်မှာ ချွေးသိပ်ချင်ရှာရော့တယ်
အပျံခက်ပေမယ့် တစ်နေ့တစ်လံ နဲ့
ကံအလှကို စောင့်ကြမယ်...
ရင်ထဲမှာ ကိုယ်စီထားတယ် ချစ်ခြင်းငယ်တစ်သွယ်
ခိုင်မာအောင်ကာရံဖို့ရယ် သစ္စာနဲ့ခြယ်
ယုံကြည်ချက် မျှော်လင့်ထားလို့
ခဏလေးဝေးကြမယ်...
လွမ်းသုခ(ဗေဒါ-ခေတ္တဆေးရုံ)
No comments:
Post a Comment