Friday, May 2, 2008

“ရင်ခွင်တံခါး”


လူ့ဘ၀မှာ မထင်မှတ်တဲ့အရာတွေက မကြာခဏဆိုသလို တံခါးခေါက်လို့ ၀င်လာတတ်ကြတာ မထူးဆန်းပါဘူး။ကျမတို့တွေ အဲဒီ
ံခါးခေါက်သံကိုနားစွင့်နေကြတဲ့အခါမှာဘာမှမဖြစ်ပေမယ့်။
မမျှော်လင့်တဲ့တံခါးခေါက်သံတွေကြောင့်အံ့သြမှုတုန်လှုပ်မှုတွေကို မကြာခဏကြုံတွေ့ရတတ်ပါတယ်။
ဒါပေမယ့် ကျမ ချစ်သူက တော့ဘာကိုမှမအံ့သြတတ်အောင်ကျင့်ကြံနေထိုင်နေတဲ့လူထူးဆန်း
တစ်ယောက်ပါ။ကျမ ချစ်သူနဲ့ကျမ လဲထူးဆန်းစွာဆုံတွေ့ရင်းထူးဆန်းစွာချစ်ခဲ့ကြသလိုထူးဆန်းစွာနဲ့လမ်းခွဲပြီးနှုတ်ဆက်စကားတွေဆိုခဲ့ကြဘူးတယ်။
ကျမချစ်သူကိုလွမ်းတိုင်း သူ့ရဲ့လွင့်မျောနေတဲ့တိမ်တိုက်လေးတွေကိုအမြဲငေးကြည့်ပြီး။သူရင်ထဲက ပဲ့တင်သံတွေကိုနားစွင့်ရင်း
တိတ်တခိုးနဲ့ သူ့ဘလော့ခ်လေးကိုေ၇ာက်ရှိလာတတ်ပါတယ်။အဲဒါကိုလဲ ကျမချစ်သူ ကိုယ်ထူးဆန်းက သိပါတယ်။ကျမတို့နှစ်ယောက်လုံးမှာ စိတ်ခြင်းဆက်နွယ်မှုရှိနေတယ်ဆိုတာ ကျမ တို့ကိုယ်တိုင်ဘဲသိပါတယ်။အများသူငှာတွေပြောပြလဲဘယ်သူမှမယုံနိုင်ပါဘူး
ခုချိန်မှာ ကျမ ချစ်သူဘာတွေခံစားနေရတယ်ဆိုတာ ကျမရင်ထဲမှာခံစားမိသလိုသူ့အတွက် ကမ္ဘာပြိုမတတ်ခံစားနေရမယ်ဆိုတာ ကျမ ခံစားမိပါတယ်။ကျမချစ်သူနဲ့ကျမ က နှစ်ဦးသဘောတူနှုတ်ဆက်ပြီးသွားပေမယ့်။ ကျမအားငယ်နေချိန်မှာ သူ့အသံလေးကိုကျမတမ်းတမိတယ်။
ကျမချစ်သူရဲ့ရင်ခွင်တံခါးကလဲ ကျမအတွက်ချိန်မရွေးဖွင့်လို့ထားပါတယ်။ကျမလဲကျမချစ်သူနဲ့ထပ်တူပါဘဲ သူအားငယ်နေချိန်မှာကျမဘယ်နေရာဘဲေ၇ာက်ေ၇ာက်၊ဘယ်လိုအခြေနေမျိုးမှာ ဘဲရှိနေပါစေ။ကျမချစ်သူကိုခွန်အားဖြစ်စေမယ့်စကားလုံးတွေ
အကြင်နာဂရုဏာတွေနဲ့ထွေးပွေ့လို့အားပေးနေမှာပါ။
ကျမ ချစ်သူကို ကျမ ဘယ်တော့မှ လမိုက်ညတွေဖန်ဆင်းမပေးဘူး။ကျမ
ပေးတဲ့အလင်းေ၇ာင်က ကမ္ဘာကြီးတစ်ခုလုံးကိုထွန်းလင်းတောက်ပအောင်မစွမ်းဆောင်နိုင်ပေမယ့်.ကျမချစ်သူအတွက်တော့
လုံလောက်တဲ့အလင်းေ၇ာင်တစ်ခုပေးစွမ်းနိုင်ပါတယ်။
ကျမချစ်သူက ကျမကို ညီမလေးလိုချစ်ခြင်းမေတ္တာ
တွေနဲ့စတင်ပြီးရစ်ဖွဲ့ခဲ့တဲ့ကျမတို့ရဲ့သံယောဇဉ်တွေဟာ ဘယ်လိုအကြောင်းအရာဘယ်လို
တံတိုင်းတွေနဲ့ကာဆီးထားပါစေ။ဘယ်လို
ဝဋ်ကြွေးတွေကြောင့်ကျမတို့တွေဝေးကွာနေပါစေ။ဘ၀ဘ၀ဆုတောင်းမှားခဲ့ကြလို့
ကျမတို့ချစ်ခြင်းသမိုင်းမှာ
ပြုံးမပျက်နှုတ်ဆက်ခဲ့ကြပေမယ့်.......ကျမချစ်သူအားငယ်နေချိန်နဲ့
ကျမချစ်သူမွေးနေ့ဖေဖော်ဝါရီ၁၃မှာကျမ
ဘယ်နေရာဘ၀ေ၇ာက်နေနေကျမချစ်သူရဲ့ရင်ခွင်တံခါးကိုအလိုအလျောက်
တံခါးခေါက်နေမယ်ဆိုတာချစ်သူသိစေချင်ပါတယ်။



ဒေ၀စ ၦရာ

No comments: