Sunday, April 27, 2008

Optimist လေးဖြစ်ပါရစေ

လောကမှာ လူရယ်လို့ဖြစ်လာကြယင် သူသူငါငါ တည်ဆောက်မူ့လေးတွေရှိတယ်၊စိတ်ကူးလေးတွေရှိတယ်
အိပ်မက်လေးတွေ ရှိတယ်။တကယ်လို့များအဲ့ဒီအိပ်မက်လေးတွေ စိတ်ကူးလေးတွေ တည်ဆောက်မူ့လေးတွေ
အစိပ်စိပ် အမွှာမွှာ ကြေမွှသွားခဲ့ယင် လူတိုင်းဘယ်လိုခံစားရမလဲ ...၊ကျွန်တော် ကို စာသင်ခန်းထဲ မှာဆရာမ က အကောင်းမြင်သမား(optimist)နဲ့အဆိုးမြင်သမား(cynic)အကြောင်းဆွေးနွေးကြတော့ ကျွန်တော် ဘ၀မှာ
အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားရဲ့ ကွာခြားချက်တွေကို မြင်လာမိတယ်။နေထွက်လာလို့ ရာသီဥတုအရမ်းပူနေချိန်မှာ အဆိုးမြင်သမားက သူပူအိုက်နေလို့ အလိုကျမှာမဟုတ်ဘူး တစ်ချိန်လုံး ပူအိုက်
တာကိုဘဲ အပြစ်တင်နေလိမ့်မယ် ။အကောင်းမြင်သမားကတော့ ဒီနေ့နေလေးသာနေပါလား တစ်ကမ္ဘာလုံးလင်းလင်း ခြင်းခြင်းရှိလိုက်တာ တစ်နေ့တာအတွက် အားအင်တွေရှိလိုက်တာ ဆိုပြီး ပီတိ
ဖြစ်နေမှာဘဲလေ။ကျွန်တော့်စိတ်ကူးလေးနဲ့ကျွန်တော် optimist စစ်စစ်လေးဖြစ်ချင်နေမိတယ်။ ကျွန်တော် အခုမဆိုလိုသေးပါဘူး နောင်ကျွန်တော် နဲနဲ အသက်လေးကြီးလာတဲ့အခါပေါ့ ကျွန်တော် အရာရာ ကို ရောင့်ရဲ
နိုင်မှာပါ။တကယ်လို့ ကျွန်တော်မှာ အိပ်မက်လေးတွေ ၊စိတ်ကူးလေးတွေ၊ တည်ဆောက်မူ့လေးတွေ စနစ်တကျ ပြိုလဲ သွားတဲ့ အခါမှာ ကျွန်တော် optimist တစ်ယောက်ဖြစ်နေပါရစေ ...။ကျွန်တော် လက်ကိုတွဲထားမယ့် ကျွန်တော် ချစ်သူကရော optimist လား cynic လား .....optimist ဖြစ်ပါစေဗျာ.....

လွမ်းသုခ(ဗေဒါ)

1 comment:

wynn.sun said...

တစ်သက်လုံးစိတ်ချမ်းသာမယ့် ဆုတောင်းလေးပါပဲဗျာ.. ဆုတောင်းပြည့်ပါစေ..