Wednesday, April 16, 2008

“လွမ်းမိတယ် သင်္ကြန်”

သင်္ကြန်ဆိုတာ ကျွန်တော့်ရင်ကို တစ်နှစ်တစ်ခါပုံမှန်ခေါက်တဲ့ သံချောင်းလေးတစ်ခုပါ၊ဒီတစ်ခါလည်း
ရင်ဘတ်ထဲက ရှိုက်သံတွေကို ဥပက္ခာပြုပြီး ကျွန်တော့်ရင်ကို လာခေါက်ပြန်ပြီ။နောက်တော့လည်း သင်္ကြန်ဆို
ယင် ကျွန်တော် တိတ်တိတ်လေးနေတတ်လာတယ်။ပိတောက်ပန်းတွေရဲ့အလှကို (လောလောဆယ် ဓာတ်ပုံ
တွေထဲ မှာ) မသိချင်ယောင်ဆောင်တတ်လာတယ်။ဒါမှ မဟုတ်ယင် ကျွန်တော်လည်းမတတ်သာဘူးလေ။
သင်္ကြန်လည်းပြီးရော ကျွန်တော် နှလုံးသား ဇကာပေါက်ဖြစ်ပြီး ကျန်ခဲ့လိမ့်မယ်။သူငယ်ချင်းတစ်ချို့ က ပြောတယ် လွမ်းသုခ သင်္ကြန်မှာပျောက်နေတယ်တဲ့ ။ကျွန်တော် အမှန်ပြောရယင် သင်္ကြန်ကို ကောင်းကောင်းကြီး ရင်မဆိုင်ရဲလို့ ပါ။တကယ်တော့ ရက်တွေကို ရေတွက်ရတာပင်ပန်းလှပါတယ် ။
ဒီနေ့ အကြို ...ဒီနေ့ အကျ...ဒီနေ့...ဟူး...လွမ်းလိုက်တာဗျာ.....

လွမ်းသုခ(ဗေဒါ)

No comments: