Tuesday, April 29, 2008

`သူရဲကောင်းလား´

ဒီနေ့နဲ့ မနက်ဖြန် တူညီမူ့မရှိဘူးဆိုတာ ကိုလက်ခံပါတယ်...ခါတိုင်း
ဝတ်နေကျအင်္ကျီလေး ကိုချွတ်ပြီး
အသစ်လေးဝတ်ရတော့ ရင်ထဲမှာ တိတ်ဆိတ်နေတယ်...ဒီလောက်ပါဘဲ...ကျွန်တော့်အတွက် အရာရာ ကို ရင်
ဆိုင်ရဲအောင် အားအင်တွေပေးနေတာ ကျွန်တော့်ကိုရဲရင့်စေတာ ကျွန်တော့်ချစ်သူလေးရဲ့စကားတွေပေါ့ဗျာ...
လတ်တလော အခြေအနေ အရဆို ကျွန်တော် ကမ္ဘာပျက်နေတယ်လို့ ဆိုလို့ရတယ်လေ...၊အချစ်သည်
အားအင်တွေကိုဖြစ်စေသည်ဆိုယင် ဒီအချိန်မှာ ပထမဆုံးထောက်ခံမှာ ကျွန်တော် ပါ...။ကျွန်တော် လွမ်းတိုင်း
လွင့်သမျှ ကျွန်တော့် ချစ်သူက အဆုံးသတ်ပေးတတ်တယ်၊ အမှောင်ညတွေကို သူမလင်းလက်ပေးတယ်
လို့ မပြောပါဘူး၊ဒါပေမယ့် လမိုက်ပါစေ ကျွန်တော့်ချစ်သူကျွန်တော့်ဘေးနားရှိယင် အဲ့ဒီလမိုက်ညတစ်ည
တော့ ကျွန်တော် သူရဲကောင်းဖြစ်မှာပါ ။ ဒီပို့စ်လေးပြီးယင် ကျွန်တော် ခရီးရှည်တစ်ခုထွက်ရမယ်...
အားလုံးကို နှုတ်ဆတ်ပါတယ် အားလုံး ပျော်ရွှင်နိုင်ပါစေလို့လည်းဆုတောင်းခဲ့တယ်နော် .....


လွမ်းသုခ(ဗေဒါ)

1 comment:

ein said...

နာ့အကို !
့်ချစ်သူဘေးနားရှိရင်လမိုက်ည တညမှာတော့ သူရဲကောင်းဖြစ်မှာပါဆိုတဲ့ကိုလွမ်းသုခရေ...
ဘယ်ခရီးရှည်များသွားမှာပါလိမ့်နော်...၊ငါ့ကအိုလည်း ပျော်ရွှင် အဆင်ပြေပါစေရှင်...း)
ညမ
အိမ်လေး