Wednesday, January 30, 2008

ကျွန်တော်နှင့်ပန်းကဖွားတဲ့ချစ်သူ အပိုင်း(၂)



(၇)

`ဟေ့ကောင်ကြီး မင်းကအိပ်နေသေးတယ်၊မင်းအိမ်ကဖုန်းလာလို့တဲ့အန်တီဆွေပြော
ခိုင်းလိုက်တာ၊စမ်းချောင်းက လို့ပြောတယ် ´

`အာ...စမ်းချောင်းကဆို ငါ့အိမ်ကဖြစ်မလားကွ´
ခါးနာနေတာတောင်ဘယ်ရောက်သွားလည်းမသိ။ဒီနေ့တစ်နေ့လုံးကံကမကောင်းဘူး
ဆိုင်ကယ် အပွတ်ခံရတာနဲ့ လိမ်ကောက်နေတဲ့စက်ဘီးကို ဆိုင်အပ်ခဲ့ပြီ ပြန်လာခဲ့
ရတယ်။လူကတော့ပွန်းပဲ့ရုံလောက်ပါပဲ ခါးတော့တော်တော်အီသွားတယ်။ဒါ့ကြောင့်
ဆေးလူးပြီးလှဲနေတာ။ကျွန်တော်ပြောပြတော့ဖြိုးကျော်က ရယ်တယ်။

`အေးသိနေတယ် မင်းအကြောင်း...စမ်းချောင်းက ဆိုယင် ကားတိုက်ခံရတောင် ဖုန်းဆိုင်အရောက်သွားမယ့်ကောင်´

`ဘာမှပြောမနေနဲ့သိယင်ပြီးရောကြာတယ် ကူညီလက်စနဲ့ရှေ့ကနေနင်းပေတော့´
အပေါ်ကနေဆွယ်တာလေးကောက်စွပ်ပြီး ထော့နဲ့ထော့နဲ့ဖြင့်လိုက်လာမိခဲ့သည်။
အင်း...ငယ်ဆက်တာဘဲဖြစ်မှာပါ ...ဒီနေ့မှ ငါးရက်နေ့ဘဲရှိသေးတယ်။တစ်ခုခုတော့
ထူးပြီထင်တယ်။ ရင်က အတိုင်းမသိပိုခုန်လာသည် ရှေ့မှာတင်နင်းနေတဲ့ဖြိုးကျော်တော့
မသိဘူး ကျွန်တော် တော့ အရမ်းမောလာတယ်။ကံတရားနဲ့ဆိုင်တဲ့ အတိတ်တွေနမိတ်
တွေ ကျွန်တော် အားလုံးမေ့ထားချင်တယ်...
ပြင်ဦးလွင်ဈေးနားက ဖြတ်တော့ဆုတောင်းပြည့်ဘုရား ကိုဖူးယင်းစိတ်ထဲမှဆုတောင်း
နေမိသည်။...သံသရာရှည်ချင်လည်းရှည်ပါစေဘုရား တပည့်တော် ငယ့်ကိုချစ်ပါသည်၊
ဤသစ္စာ မှန်ခဲ့သော်...ငယ့်ဆီက အချစ်ကိုလက်ခံရပါလို၏ လို့ပေါ့။


(၈)

`အန်တီဆွေ စမ်းချောင်းကဖုန်းလာတယ်ဆိုလို့ ´
အန်တီဆွေတို့နဲ့ ရင်းနှီးခဲ့တာလည်း ဖုန်းဆက်ယင်းနဲ့ပါဘဲ၊ ရေစက်ကြောင့်ထင်တယ်
အန်တီဆွေနဲ့ဦးထွန်းဦးတို့ လင်မယားက သံယောဇဉ်တော်တော်ရှိရှာသည်။ကျွန်တော်
တို့လည်းအပြင်ထွက်ယင် သူတို့ဆီမှာဘဲ ခြေမြဲသည်။ဘယ်မှမသွားဖြစ်။

`ဟုတ်ပရှင် လာသွားတယ် နာရီ
ဝက်လောက်နေပြန်ဆက်မယ်ပြောတယ်။ခုနစ်လွာက
မင်းရဲ့မီးမထွန်းဘဲလင်းတဲ့ဒေါ်ထက်ထက်အောင်ပါတဲ့´

`အဟဲ အန်တီဆွေကလည်း လုပ်ပြီ ရှက်ရှက်နဲ့ဖုန်းဖိုးမပေးယင်ကောင်းမလားလို့ ´

`အေးဒါဆိုလည်းသူ့မပေးနဲ့ ငါ့လာပေးကွာ´
အန်တီဆွေနဲ့ဦးထွန်းဦးအတိုင်အဖောက်ညီနေကြသည်။
ဖုန်းရှေ့မှာနေရာယူလိုက်ယင်း ဖုန်းလာယင် ဘယ်လက်နဲ့ကိုင်ယင်ကောင်းမလား၊ညာ
လက်နဲ့ကိုင်ယင်ကောင်းမလားစဉ်းစားနေမိသည်။ရင်ခုန်လွန်းလို့ပါဗျာ။
`
တီ...´လာပါပြီဗျာ ဂရေဟမ်ဘဲလ်ရဲ့ တိုက်ပွဲခေါ်သံ...

`ဟယ်လို...´

`ကိုကြီးဝင်းအောင်ကျော်လား ခဏလေးနောက်ထပ်ငါးမိနစ်လောက်စောင့်ပါလား
ဒီဆိုင်မှာမကောင်းလို့ မကြီးကဆိုင်ပြောင်းမလို့တဲ့´

`အိုကေ ကိုကြီးစောင့်နေမယ်လေ´
ဘယ်အချိန်ကခန့်လိုက်သည်မသိ သံတော်ဆင့်ခယ်မလောင်းလေးကို ကျေးဇူးတွေ
တင်နေမိသည်။
ငါးမိနစ်က ငါးကမ္ဘာကြာသွားသည်ထင်ရသည်။ဖုန်းရှေ့မှာငုတ်တုတ်လေးထိုင်ယင်းကမ္ဘာ
ကြီးကို ရေတွက်နေမိတယ်လေ...

`ဟယ်လို...စောင့်ရတာကြာသွားပြီလား´

`မကြာပါဘူး ငါးမိနစ်အတိဘဲ´

`ငါနင့်ကိုပြောစရာရှိလို့ ၁၂ ရက်နေ့ အိမ်က ရွှေစက်တော်သွားကြမှာ အဲ့ဒါ နင့်မွေးနေ့
၁၃ ရက်နေ့ငါ ရှိမှာမဟုတ်ဘူး´

`ဒါဆိုဒီနေ့ပဲ အဖြေပေးလိုက်တော့ဟာ အတူတူဘဲနင်လည်းစဉ်းစားပြီးလောက်ပြီ
လို့ငါထင်တယ် နင်ပြောလို့ရအောင်ငါထပ်ပြောမယ်နော် ငါနင့်ကို အရမ်းချစ်တယ်..´

`ငါသိပါတယ်ဒါကြောင့်ဆက်လိုက်တာ...နင် အချစ်ရဲ့လိုအင်စီးရီးထဲက တင်ဇာမော်နဲ့ ဂရေဟမ် ဆိုထားတဲ့ စွမ်းအားဆိုတဲ့သီချင်းကိုသိလား အဲ့ဒီသီချင်းက အဖြေဘဲနော်´

`အန် စွမ်းအား သီချင်း ...ဘယ်သီချင်းလဲ ဟ´
ကျွန်တော်က လည်းတုံးတယ် တကယ်မသိဘူး။

`ဟေ့ကောင် အိပ်စက်သွားတဲ့ ငါ့နှလုံးသား မင်းနဲ့တွေ့မှနိုးလာတယ် ကစတာ ´
စောစော က အသက်တောင်မရူရဲရှာသော သူငယ်ချင်းနှစ်ယောက်၏သတိပေးသံကြောင့်
သီချင်းကို အမှတ်ရသွားသည်။ငယ်ပြီးယင် ကမ္ဘာမှာ အချစ်ဆုံးက သူငယ်ချင်းနှစ်ယာက်
ဖြစ်သွားသည်။

`အင်းသီချင်း ကို သိပြီ ဒါပေမယ့်နားမလည်းဘူးရှင်းပြ´

`နင်လူလည်ကျတာဘဲ ´

`မထူးပါဘူးငယ်ရယ် ဘယ်သူမဆို ချစ်သူနှုတ်ကပြောတာကြားချင်ကြတာဘဲ
ငါ့ကိုပြောပါနော်...ငါကြားချင်တယ်´

`ငါဘယ်လိုပြောရမှာလဲ ´

`နင်ပြောတတ်သလိုပြောလေ ငါနားထောင်နေမယ်´

`အင်း...ချစ်တယ်´ တိုးတိုးလေးပေမယ့်နှလုံးသားထဲ မှာ မိုးသဲသဲ နှင်းဖွဲဖွဲပေါ့။
ကမ္ဘာမှာ နေရောလရော ပြိုင်ထွက်လာတာလားမသိဘူးဗျာ။သေချာတာတော့ အပျော်ဆုံးကိုကျော်ပြီး ကျွန်တော်ပန်းဝင်သွားတယ်ဆိုတာဘဲ လေ။


လွမ်းသုခ(ဗေဒါ)
အပိုင်း(၁)ဆီသို့

No comments: