Friday, March 25, 2011

“ရှင်သန်ဆဲ”

ငါမသိလိုက်ဘူး...
နွေလယ်ညမှာ သစ်ရွက်ကြွေသွားတာ
အဝေးကခြေသံတွေ နှလုံးသားနဲ့ဆတ်ဆတ်ကြားနေရဆဲ
ရောက်လာမှာလား ဒါမှမဟုတ်
ကျောခိုင်းသွားမှာလား
ထုတ်ထားတဲ့ သီအိုရီတွေကို ဆန့်ကျင်ပြီး
မြစ်တစ်ခုလိုပြောင်းပြန်စီးဖို့
ငါ့မှာခွန်အားမရှိပေမယ့်လည်း
ကြယ်တစ်စင်းလိုလင်းလက်
အနွေးဓာတ်စက်လက်နဲ့
ကာရန်တွေကို ညှိမယ့်လက်တစ်စုံ
ဟုတ်တယ် ...သူဘဲ
သူမွေးဖွားတော့မယ်...

လွမ်းသုခ(ဗေဒါ)

No comments: