Thursday, October 29, 2009

`သစ်ပင်´

ရင်ထဲမှာ သစ်ပင်လေးတစ်ပင်ပျိုးထားတယ်
အဲ့ဒီသစ်ပင်လေးကို အချစ်လို့စာတမ်းထိုးလိုက်တယ်
အဲ့ဒီမှာဘဲ လူတစ်ယောက်ဟာ အလုပ်တွေရှုပ်သွားတော့တယ်
သစ်ပင်လေးကို ရေလောင်းပေးရတယ် ...ပေါင်းသင်ပေးရတယ်
နေရောင်ခြည်မရနိုင်ပေမယ့် နှလုံးသားထဲ ကအနွေးဓာတ်လေး
ပေးရတယ် ....နေ့တိုင်း အ၇ိပ်တကြည့်ကြည့်နေယင်း အပင်လေး
နဲ့ သူအဖော်လုပ်တယ် ...သူ့အတွက် အပင်လေး က ဘ၀ကြီးတစ်ခု
လုံးဖြစ်စေတယ်...အပင်လေးက နွေရောက်တော့ အရွက်လေးတွေကြွေတယ်...
သူ စိတ်ထဲမှာ အပင်လေးသေတော့မယ်ထင်လို့ ငိုကြွေးနေတယ်...နောက်တော့
ဆောင်းရောက်လာတော့ သစ်ရွက်အဖူးလေးတွေထွက်လာတယ် ...သူရဲ့မျော်လင့်
ချက်တွေ အသက်ရှင်လာပြန်တယ် ...ဒီလိုနဲ့ မိုးရာသီရောက်လာတဲ့ အခါမှာ
မိုးစက်ကလေးတွေ နဲ့ အတူသစ်ရွက် စိမ်စိမ်းစိုစိုလေးတွေ ထွက်လာတယ်
တစ်ပင်လုံးစိမ်းစိုလို့ပေါ့ သူနားလည်သွားမိတာက ရှင်သန်ဖို့ အတွက် သူ့ ရဲ့
ဂရုစိုက်မူ့တွေလိုအပ်တာမှန်ပေမယ့် သူ့ရဲ့ဂရုစိုက်မူ့တွေနဲ့ရှင်သန်လာတာ
မဟုတ်ဘူးဆိုတာပါဘဲ .....

လွမ်းသုခ(ဗေဒါ)

No comments: