Friday, February 1, 2008

`ဆေးလိပ်သောက်ခြင်းသည်သတိရခြင်းကိုဆိုးရွားစွာ ဖြစ်စေနိုင်ပါသည်´


မော်စကိုညက မီးရောင်စုံနဲ့လင်းပါတယ်....ငါလျှောက်လွန်းလို့ လီနင်လမ်းမကြီးလည်းငိုမဲ့မဲ့ဖြစ်နေပြီ။လူတွေနဲ့ ကားတွေကတော့ ပျားပန်းခတ်
နေတာဘဲ...၊ဒါပေမယ့် ငါ့ကို ငါတစ်ယောက်ဘဲ ပြန်ပြုံးပြမယ့်သူရှိတယ်...ဘာကြောင့်မှန်း မသိဘဲ နာနေတဲ့ရင် ကို အလွမ်းလို့နာမည်ပေးလိုက်ယင်ကောင်းမလား၊ငါကိုယ်တိုင်
ပျားရည်ထက်ချိုတယ်ထင်ပြီးသောက်ခဲ့တဲ့ဘ၀ဘဲလေ..မိုးရေထဲမှာ ငိုနေလို့ရော၊
ဘယ်သူကသနားမှာလဲ၊မိုးစက်မှန်းမသိမျက်ရည်မှန်းမသိ။သေချာတာကတော့ ရုရှားနိုင်ငံရဲ့ အနုတ်(၂၅)ဒီဂရီအောက်မှာနေနိုင်ဖို့မင်းရဲ့အကြင်နာတွေလိုတာအမှန်ဘဲ။သတိရခြင်း
ကိုကုစားဖို့ ဆေးလိပ်ဗူးအသစ်လေးဖောက်လိုက်တယ်...ဟူး....သတိရသွားပြန်ပြီကွာ။
သူမကပြောတယ် သူမကိုချစ်ယင်ဆေးလိပ်တစ်ဘူးသောက်တိုင်း ဆေးလိပ်လေးတစ်လိပ် လောက်တော့သဒ္ဒါ ပါတဲ့...၊သူမအတွက်တစ်လိပ်ကိုချိုးပေးရမယ်တဲ့လေ။ကျွန်တော် ရေထား
တယ်၊ဒါ ခုနစ်လိပ်မြောက်ပေါ့.....။


လွမ်းသုခ(ဗေဒါ)

No comments: