Tuesday, January 29, 2008

ကျွန်တော်နှင့်ပန်းကဖွားတဲ့ချစ်သူ


(၁)
ဟယ်လို...
ကိုယ့်ကိုယ်ကိုယ် သိတယ်...ရင်ခုန်နေမှန်း၊ဖုန်းကိုင်ထားတဲ့ လက်တွေကဖုန်းနဲ့ရောထိနေတာလား၊ဒါမှမဟုတ်
အိပ်မက်ထဲမှာလမ်းလျှောက်နေတာလား။
`ဟယ်လို...မိထက်လား...ငါပါ ၀င်းအောင်ကျော် နင့်ဆီက အကူအညီတစ်ခုတောင်းစရာရှိလို့´

`အင်း...ပြောလေ သမီးဘာကူညီရမလဲ ´
သူနဲ့ကျွန်တော် အသက်က သိပ်မကွာလှ ...သူက သမီးလို့ ပြောလို့ရီချင်သွားသည်..

`ငါတောင်းမယ့်အကူအညီဆိုတာ အခုပြောလို့မရဘူး ငါနင့်ဆီအဆက်အသွယ်လုပ်လို့ ရမယ့်လိပ်စာတစ်ခုပေးပါလားငါစာရေးလိုက်မယ်၊နောက်ပြီးလူကြီးတွေကိုလည်းမသိစေချင်ဘူး´

`ဒါဆို မစိုးစံတို့ လိပ်စာနဲ့ထည့်လိုက်လေ ´

`အင်း.. ဒါဆို ငါအဲ့ဒီလိပ်စာနဲ့ဘဲ ထည့်လိုက်မယ် ...နင်တို့လည်း သွားတာလာတာ
ဂရုစိုက်ဦး ရန်ကုန်မှာ ဗုံးပေါက်လို့ ငါတို့ တောင်ခွင့်မရတော့ဘူး...´

`ဟုတ်ကဲ့ ပါ´
ဒါကျွန်တော့်ရဲ့ ပထမဆုံးခြေလှမ်းပဲလေ ...ကျွန်တော် နဲ့ သူနဲ့ ငယ်ငယ် ကတည်း က အတူနေလာတာ
ဆိုပေမယ့် ကျွန်တော်က မိန်းကလေးတွေနဲ့ပတ်သတ်ယင် ငယ်ငယ်လေးကတည်းက ရှက်တတ်တယ်။
အဟဲ ...အသက်ကြီးလာတော့မရှက်တော့ဘူး။ ပြီတော့ကျွန်တော် နဲ့သူနဲ့ စကားကောင်းကောင်းမပြောဖူး
ဘူးလေ။
(၂)
`ဟေ့ကောင် စာလာေ၇ွး လက်ချည်းဘဲတော့မ၇ဘူး စားစ၇ာတစ်ခုခုယူခဲ့ ´
သူငယ်ချင်းတွေညစ်ပြီဆိုသိလိုက်တယ်...ဒါပေမယ့် ရင်ခုန်သံလေးတွေကို ကြာကြာ
ထိန်းမထားချင်တော့။လိပ်စာက မထက်ထက်အောင် ဆိုတော့ ပိုဆိုးသွားသည်။
သြော် ငါ့နှယ် ငါ့နော် ...စာအိပ်ဖောက်တာတောင် ဖြဲလိုက်တဲ့စာအိပ်ထိပ်ပိုင်းလေးကို
မလွှင့်ပစ်ရက်ဘူး ။
သို့
W.A.K
ငါကနင့်လိုဖွဲ့နွဲ့ပြီးမရေးတတ်ဘူး၊ငါ့ဆီ ကိုဖုန်းဆက်ယင်စနေ၊တနင်္ဂနွေဘဲ ဆက်နော်
ကျန်တဲ့ရက်တွေ အိမ်မှာမရှိဘူး၊သင်တန်းတက်နေရလို့၊နောက်ပြီး နင်ကလူကြီးတွေမသိစေချင်ဘူး
ဆိုလို့ပြောတာ။နင်ခုတစ်ခေါက်စာရေးယင် ငါ့သူငယ်ချင်းလိပ်စာနဲ့ရေးလိုက်နော်။ ဟိုလိပ်စာက သိပ်
စိတ်မချရလို့ ၊
ဒို့မိတ်ဆွေ (ကဖီး)
........................
........................
စာလေးက လေးကြောင်းလောက်ဘဲ ရှိပေမယ့် ကျွန်တော် ဖတ်တာ (၄)ခေါက်မကတော့။
ငယ်ရယ်...နင့်ကို ငါဘာလို့ချစ်မိသွားတာလည်း မေးကြယင် ငါ့မှာဖြေစရာ မရှိဘူး၊ဒါပေမယ့်
ငါနင့်ကို ချစ်တယ် ။တိတ်တခိုးပေးထားသောငယ်ဆိုသောနာမည်လေးအား
ရေရွတ်ယင်း စိတ်ကူးယဉ်အတွေးကမ္ဘာထဲဝယ် အခမဲ့လက်ပစ်ကူးနေမိသည်။

(၃)

`ငါ... ကိုယ်တကယ်ချစ်တဲ့သူကို နှုတ်ကဘဲ ဖွင့်ပြောချင်တယ်´

`အခြေအနေက ရှိသေးတယ်လေ ခုဘဲကြည့် ငါတို့ ခွင့်ရဖို့ ကမရှိတော့ဘူး
ရှရှားသင်တန်းက ခေါ်လိုက်ပြီ ...ပြီတော့ဖုန်းထဲက ဘဲဥစ္စာ နှုတ်ကဘဲပေါ့´
ဖြိုးကျော်စကားကိုကျွန်တော်မငြင်းမိ ...
`သူလည်းမိန်းကလေးတစ်ယောက်ဘဲလေ ...ငါဘယ်လိုခြေလှမ်းမျိုးလှမ်းနေလဲဆိုတာ
မင်းညီမသိပါတယ် ...ငါသူ့ကိုစဉ်းစားချိန်ပေးထားချင်သေးတယ်...´
ကျွန်တော်ရယ်၊ဖြိုးကျော်ရယ်၊သန့်ဇင်အောင်ရယ်သူငယ်ချင်း(၃)ယောက်က သက်ဆိုင်လာတဲ့ချစ်သူတွေကို မောင်နှမတွေတော်ထားကြတယ်လေ။စကား
ပြောယင်ကို အကျင့်ကပါနေပြီ။
`အရင်စာတွေက အေးတိအေးစက်နိုင်ပေမယ့် ခုနောက်ပိုင်းစာတွေမှာသူ့ရဲ့ရင်ခုန်သံ
တွေကိုမြင်နေရတယ်ကွ မင်းသာလက်နှေးယင် ခံနေရမယ်၊ကဲ..အဲ့ဒါ နောက်ထား
မနက်ဖြန်သင်တန်းစတော့မယ် ပြင်ဦးလွင်ဈေးထဲမှာလိုအပ်တာတွေသွားဝယ်ဖို့
မင်းတို့လည်းလိုက်မှာမဟုတ်လား..´
သန့်ဇင်အောင်က စက်ဘီးအပြင်ထုတ်ယင်းလှမ်းမေးလိုက်သည်။
`လိုက်မှာပေါ့ ကွ စက်ဘီးက (၂)ဘီးထဲနော် တစ်ယောက်တစ်လှည့်နင်းရမှာ´

`၀င်းအောင်ကျော်ကိုနင်းခိုင်း သူကဒီအချိန်မှာ မမောဘူး´

`အမ်...ဘာလို့တုန်း´
`အချစ်ဆိပ်တက်နေတာလေ မောမလား´

`ဟားဟားဆိုးနေပါလား´

`ဟေ့ကောင် စိုးတော့မပါနဲ့ကွ စိုးပါယင် ဘယ်လောက်နင်းနင်း မမောမယ့်သူရှိတယ် ..´

`ဟားဟားဟား´
အေးချမ်းလှသောပြင်ဦးလွင်မြို့လေးရဲ့ ချမ်းစိမ့်စိမ့်ညနေခင်းလေးသည် သူငယ်ချင်းတို့
၏ရယ်သံနဲ့ နွေးထွေးလှပါဘိ။

(၄)
`ဖုန်းအားလားမသိဘူး´

`ဟုတ်ကဲ့အားပါတယ်´

`ကျွန်တော့် ကိုဖုန်းခေါ်ပေးလို့ရမလားမသိဘူး မိန်းကလေးအသံနဲ့လေ၊ဒီဖုန်းနံပါတ်´
ကျွန်တော် စာရွက်လေးပေါ်ဖုန်းနံပါတ်ရေးပေးယင်း အကူအညီတောင်းလိုက်သည် ။
ကျွန်တော့်အတွက်မထူးဆန်းတော့ ယောကျာင်္းလေးအသံနဲ့ဆို ခေါ်ပေးချင်မှခေါ်ပေးမယ်
လေ။
`ဟယ်လို ...´ဆက်မပြောဘဲရပ်ထားရသည် တော်ကြာ အန်တီရီမြင့်ဖြစ်နေယင်ဒုက္ခ။
`ဟယ်လို ...သြော် ..အင်း ပြော ´
သေချာပြီ ဒီလောက်အေးစက်စက်နဲ့ပြောတတ်တာ ကျွန်တော် ချစ်သူလေးတစ်ယောက်
ဘဲ ရှိတာလေ။
`ငါ့ရဲ့ ဟယ်လိုဆိုတဲ့အသံတော့မှတ်မိသားဘဲ နော် ဘာလဲ အလွတ်ကျက်ထားတာလား´
ကျွန်တော်ပြောတော့ရယ်ရင်း
`မဟုတ်ပါဘူး ငါ့ဆီဆက်မယ့်ယောကျာင်္းလေးဆိုလို့နင်တစ်ယောက်ဘဲရှိတာလေ၊
သြော်ဒါနဲ့...စာထဲ မှာမေးစရာရှိလို့ဆို ´

`အင်း မေးစရာနှစ်ခုရှိတယ် တစ်ခုကငါပြောလို့မရလို့ သီချင်းလေးတစ်ပုဒ် အဖြစ်ပြောင်းထားတယ်၊စီးတီးအက်ဖ်အမ် သီချင်းခွေထဲမှာပါတယ် ရှာကြည့်နော်...´

`၂ ခွေရှိတာ ဘယ်ခွေလဲ ´

`သူ့ခေတ်ကိုယ့်ခေတ်လေသိတယ်မဟုတ်လား´

`အင်းသိတယ် နောက်မေးခွန်းတစ်ခုကဘာလဲ ´

`နောက်တစ်ခုက နင်အသိထဲ မှာ ကျော်သက်ဆို တဲ့နာမည်ရှိလား´

`အန် ...မရှိပါဘူး...ရွှေရည့်သူငယ်ချင်းတွေထဲ မှာတော့ရှိတယ် ဘာလို့လဲ ´

`သြော် အိပ်မက်မက်လို့လေ အိပ်မက်ထဲမှာ နင်ကရည်းစားစာခိုးဖတ်နေတာ
ငါကဘယ်သူ့ဆီကလဲဆိုတော့ကျော်သက်ဆီကလို့ပြောတယ်...ဒါကြောင့်
မေးကြည့်တာ´

`ဟင်း..နင့်အိပ်မက်ကလည်း´

`တကယ်ပြောတာဟ ဘာလဲနင်ကမယုံဘူးလား´

`မဟုတ်ပါဘူး ငါ့မှာဘယ်ကရည်းစားက ရှိရမှာလည်း အိမ်ကသိယင်သတ်လိမ့်မယ် ´
ဟူး...တော်ပါသေးရဲ့ မက်တဲ့အိပ်မက်ကိုဘဲကျေးဇူးတင်တော့မယ်။မနက်ကတည်းက
စနိုးစနောင့်ဖြစ်နေသော စိတ်တို့ လန်းဆန်းစပြုလာသည်။




(၅)
`ဟယ်လို...ခုပြောနေတာ မထက်ထက်အောင် ဟုတ်ပါသလားခင်ဗျာ...´
`..............................´
`ကျွန်တော်...စိတ်ဆိုးနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ စကားပြောချင်လို့ပါ´
`..............................´
`နင်စိတ်ဆိုးပြေသွားယင် ငါစိတ်ဆိုးစရာရှိတယ် ´
`..............................´
`နင်စိတ်ဆိုးပြေသွားပြီဆိုမှပြောပြမယ် ၊ပြေသွားပြီလား´
`..............................´
`နင်စိတ်ဆိုးနေတော့ ငါလည်းစိတ်ဆိုးချင်စိတ်ပေါ်လာတယ်။ခု နင်စိတ်ဆိုးပြေသွားပြီ
ဆိုတော့ ငါလည်းပြေသွားပြီ´
`..............................´
`ငါ...နင့်ဆီက ခွင့်တောင်းစရာရှိတယ်၊နင်ခွင့်ပြုမှာလား´
`..............................´
`ငါ နင့်ကိုစိတ်ထဲကနေပေးထားတဲ့နာမည်လေးတစ်ခုရှိတယ် အဲ့ဒီနာမည်လေးကိုခေါ်
ခွင့်ပြုမှာလား၊နာမည်လေးက တစ်လုံးတည်းရှိတယ် ဘာဖြစ်မယ်ထင်လဲ´
`..............................´
`ငါ နင့်ကို ငယ်လို့ခေါ်မယ်နော်´
`.............................´
`ငယ် ငါခုပြောမယ့်စကားတွေက အရမ်းလေးနက်တယ် ၊နင်လည်းလေးလေးနက်နက်နဲ့
နားထောင်ပေးပါနော်၊ငါ နင့်ဆီကို ဒီနေ့ဖုန်းဆက်မယ်လို့အစောကြီးကတည်းက ရည်ရွယ်ထားတာ၊နင့်စာ...ငါ့ဆီကိုကြာသာပတေးနေ့ကရောက်လာတယ်၊နင့်စာဖတ်ပြီး
ငါဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်၊ငါ...နင့်ကိုနှစ်သစ်မှာပျော်ရွှင်စေချင်တယ်၊တကယ်လို့ ဒီနေ့ ငါပြောတဲ့စကားတွေက နင့်ကို စိတ်အနှောက်အယှက်ဖြစ်စေမယ် ဆိုယင်...
နှစ်သစ်ကို မယူသွားပါနဲ့၊တကယ်လို့ပျော်ရွှင်မူ့ဖြစ်စေတယ်ဆိုယင်တော့ အဲ့ဒီပျော်ရွှင်မူ့
ကိုဒီနှစ်သစ်ကနေစပြီးထာဝရ ပိုင်ဆိုင်ပါစေလို့ငါဆုတောင်းပေးပါတယ်´
`ငယ်...ငါနင့်ကို ချစ်တယ်´

`စဉ်းစားဆင်ခြင်တတ်တဲ့ဦးနှောက်နဲ့လည်းချစ်တယ်၊ရူးရူးမိုက်မိုက်နှလုံးသားနဲ့
လည်း
ချစ်တယ်၊ဦးနှောက်ရဲ့စစ်ဆေးချက်ကို ဦးနှောက်ကထိန်းချုပ်လို့ရပေမယ့် ၊နှလုံးသားရဲ့ စစ်ဆေးချက်ကိုငါ့နှလုံးသားက ဆက်ပြီးထိန်းချုပ်ဖို့ခွင့်မပြုဘူးငယ်...´

`နင်ပြောချင်နေတဲ့စကားဆိုတာအဲ့ဒါလား၊ငါနင့်ကိုမေးစရာလေးတွေနဲ့ သိချင်တာလေးတွေရှိသေးတယ် ...အဲ့ဒါတွေကို နင်မှန်မှန် ဖြေမှ ငါနင့်ကို
နင့်မွေးနေ့ကျယင် အဖြေပေးမယ်၊ဒါကလည်းနင်မှန်မှန်ဖြေမှနော်´

`အင်းပါ ဘယ်အကြောင်းအရာမဆို ငါနင့်ကို မလိမ်ခဲ့ပါဘူး နင်အမှန်အတိုင်းသိစေရ
ပါမယ်´
အချိန်အခါမဟုတ်ဘဲ ရင်ထဲမှာနှင်းတွေကျနေသလိုခံစားရသည်...အချစ်ဆိုသောအရာ၏
ထူးဆန်းခြင်းသဘောပေလော...သို့တည်းမဟုတ် ဗီးနပ်နတ်သမီး၏ ပန်းခူးတဲ့တေးတစ်
ပုဒ်ပေလော...


(၆)

`နင် ငါ့ကိုအမှန်အတိုင်းဖြေနော် နင်ငါ့ဆီဖုန်းစဆက်တုန်းက အကူအညီတောင်းစရာရှိ
လို့ဆိုပြီးဘယ်လိုလုပ် ဒီဘက်လှည့်လာတာလဲ ´

`ငယ်ရယ် ...အဲ့ဒီတုန်းက အဲ့ဒီလိုမှ နင့်ကိုမ၀င်ယင် ငါဘယ်လိုနင့်ကိုချဉ်းကပ်ရမှာလဲ၊
နောက်ပြီးအကူအညီတောင်းစရာရှိတာကလည်းတကယ်ပါ၊ငါ့နှလုံးသားထဲမှာ နင်နဲ့
ပတ်သတ်ပြီးတောက်လောင်နေတဲ့ မီးတောက်လေးကိုကူပြီးငြိမ်းခိုင်းမလိုပါ၊နင်တစ်
ယောက်ဘဲငြိမ်းနိုင်တာလေ´

`အင်းထားပါလေ...နောက်တစ်ခုက နင်...ငါ့ကိုဘယ်အတိုင်းအတာထိချစ်တာလည်း´

`ငါချစ်တာကို နင်ကဘယ်အရာတွေနဲ့တိုင်းစေချင်လို့လဲငယ်...ငါနင့်ကိုချစ်တာဘယ်
အရာတွေနဲ့မှ တိုင်းလို့မရဘူး ငယ်၊ငါနင့်ကို တစ်ဘ၀လုံးအတွက်ရည်ရွယ်ပြီးချစ်တာပါ
နင် မကျေနပ်သေးယင် တစ်ဘ၀လုံးချစ်မယ့်သူ သီချင်းလေးနားထောင်ကြည့်နော်၊
နင်နဲ့ပတ်သတ်ပြီးမှ ငါတောင်သီချင်းလေးတွေကို ဂရုတစိုက်ခံစားတတ်လာပြီငယ် ´

`နောက်ပြီး နင်ကမိဘကိုအရမ်းချစ်တယ်၊ငါတို့နှစ်ယောက်ကို
နင့်မိဘတွေသဘောမတူယင်ဘယ်လိုလုပ်မလဲ´

`ငယ်...အဲ့ဒါချစ်သူတွေဖြစ်ပြီးမှ နှစ်ယောက် အတူလက်တွဲပြီးဖြေရှင်းရမယ့်ကိစ္စပါ၊ငါ
ကလည်းအရမ်းချစ်တယ် ငါ့ကိုလည်းအရမ်းချစ်တဲ့ချစ်သူလေးကို ငါဘယ်တော့မှခွဲနိုင်
မှာမဟုတ်ဘူး...ငါနင့်ကို အရမ်းချစ်တယ်...ငယ်၊ငါ့ကိုယုံကြည်ပေးပါနော်´

`ငါ နင့်မွေးနေ့မှာ အဖြေပေးမယ်ဆိုတာ ဇေယျာ အပါအ၀င်ဘယ်သူမှမသိစေနဲ့နော် ´
`အင်းပါ...ငါအဲ့ဒီနေ့ကို ရင်ခုန်စွာနဲ့စောင့်နေပါ့မယ်´
ဇေယျာအောင်ဆိုသည်မှာ သူ့မောင်ဝမ်းကွဲတော်သူဖြစ်သည်၊အဟဲ ကျွန်တော်နဲ့လည်း
ညီဝမ်းကွဲတော်တယ်ဗျ...
အမှန်က သူဦးလေးက ကျွန်တော့်အဒေါ်ကိုယူထားတာ ...ဆက်သွယ်ချက်က အဲ့ဒီလိုဗျ
ဒါ့ကြောင့် သူ့ဦးလေးနဲ့ကျွန်တော့်အဒေါ်က ကျွန်တော်တို့(၂)ယောက်အတွက် အလယ်
မိဘတွေပေါ့။
ဘယ်လိုဘဲပြောပြော...ငယ်က ကျွန်တော်ဖြတ်သန်းလာတဲ့ဘ၀တစ်ခုလုံး
ကိုလည်းနားလည်နိုင်တယ်...ကျွန်တော် ယုံကြည်နေတာတစ်ခုက ကျွန်တော် လက်နဲ့
သာယာတဲ့မိသားစုဘ၀လေးကို တည်ဆောက်နိုင်တယ်...ဒါပေမယ့်ကျွန်တော်လက်တွဲ
မယ့်သူက ကျွန်တော်အတွက်ပန်းသီတဲ့သူပဲဖြစ်စေရမယ် ...ပန်းပျိုးတဲ့သူမဖြစ်စေရဘူး၊
ငယ်က ကျွန်တော်ပျိုးသမျှပန်းတွေကို သီနိုင်တဲ့သူပါ ...သူမမှာ လောကကြီးက သတ်
မှတ်ထားတဲ့အရည်းအချင်း အချို့ရှိချင်မှရှိလိမ့်မယ်၊ကျွန်တော့်အတွက်တော့ ပန်းကဖွား
တဲ့သခင်မ ပါဘဲ။



လွမ်းသုခ(ဗေဒါ)
အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့်အမည်နာမပြောင်းရေးခဲ့ရလျှင်လည်း
နားလည်ပေးနိုင်မည်ထင်ပါသည်။




No comments: