Tuesday, April 15, 2008

“ငါနဲ့ အတ္တကစားတဲ့ပွဲ ”

ခပ်ပြပြနဲ့ငါ လျှောက် မီးရောင်အောက်မှာလား
ငါလာတဲ့လမ်းတွေကောက်ခဲ့တာလား
လက်ထဲ မှာဖမ်းဆုပ်ထားတဲ့ အတ္တတွေများနေတယ်
ငါဒီပွဲ မှာ စိတ်ကို ဖမ်းချင်နေတာလား
မေးခွန်းပေါင်းများစွာ ကို ငါကိုယ်တိုင်မဖြေနိုင်သေးဘဲ
လက်တွေက ဘာလို့ ယဉ်လာတာလဲ
မဂိုးဘူးဆိုတာသိလျှက်နဲ့ ငါပုတ်ထုတ်ဖို့ကြောက်နေမိတယ်
ဒါမှ မဟုတ်ငါ ဖမ်းယူလိုက်ဖို့ ကြောက်နေမိတယ် ...
ငါဒီပွဲ မှာ သန့်သန့်လေးကစားဖို့ အတွက်
မင်းကန်တဲ့ဘောလုံးတွေ ဂိုးဧရိယာထဲ ၀င်မလာပါစေနဲ့ ...

လွမ်းသုခ(ဗေဒါ)

2 comments:

ပန်းခရေ said...

သိစိတ်ကလက်မခံပဲ.........
မသိစိတ်ကလက်ခံနေတဲ့...........
ဘာမှန်းမသိတဲ့..
အတ္တစိတ်ကလေး..
နင်အဆင်ပြေပါစေ...
နင်နိုင်သွားပါစေလို့..ဆုတောင်းပေးတယ်

ein said...

ကောက်ခဲ့လမ်းတွေရှ်ရင်လဲအမြန်ဆုံးဖြောင့်ဖြူးပါစေ...း)
မဂိုးဘူးဆိုတာသိလျှက်နဲ့ ပုတ်ထုတ်ဖို့ကြောက်နေမိတယ်တဲ့လားငါ့အကိုရေ...။