Sunday, January 20, 2008

စိန်စီလမ်းနဲ့မောင့်ချစ်သူ

ုကမ္ဘာတွေခြား နေရာတွေဝေး
လူချင်းမနီးပေမယ့် ၀င်သက်နဲ့ထွက်သက်တိုင်း
ငါကောက်တဲ့ပန်းတွေဟာ တစ်ပွင့်တည်းဖြစ်နေတယ်...

လျှောက်ရမယ့်လမ်းတွေရှည်တယ်
သွားရမယ့်ခရီးတွေ ဝေးတယ်
ဒုက္ခနဲ့သောကတွေ ငါ့ကိုယ်ထဲမှာမဆန့်ပေမယ့်
မင်းအတွက်လမ်းမှာ နေခြည်ခတဲ့ညတွေရှိတယ်...

အနာဂတ်ကိုရေးဆွဲ တို့လက်တွေမြဲနိုင်ဖို့
အဆိပ်မရှိတဲ့ဆောင်းမှာ ခဏလေးပြောင်းနေမယ်...

သစ္စာတွေစိန်စီ မြေမညီလည်းရပါတယ်
အပြာရောင်ကြယ်တစ်စင်း
အဖော်တစ်သင်းနဲ့ ထွက်တဲ့ညမှာ
ရင်ခုန်သံကို တံတားထိုး မရိုးနိုင်တဲ့တေးတစ်ပုဒ်ညည်းယင်း
မောင်အရောက်ပြန်လာခဲ့မယ်...ငယ်

လွမ်းသုခ(ဗေဒါ)

1 comment:

Jobove - Reus said...

very good blog, congratulations
regard from Catalonia Spain
thank you