Saturday, October 27, 2012

`ဒီမိုကရေစီ သွေးနုသားနုအမိမြန်မာနိုင်ငံတော်ကြီး နှင့် သူ၏ရင်ဝယ်သားများ´


ယနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ ရဲ့ အရေးကိစ္စကို လှည်းနေ လှေအောင်းမြင်းစောင်းမကျန် ကလေးလူကြီးကအစ စိတ်ဝင်တစားရှိကြတယ် လို့ဆိုယင် မှားမည်မထင်။ပြည်သူပြည်သားတိုင်းပြောင်းလဲ မူ့တစ်ခု၏ အငွေ့အသက်အချို့ ကို အနည်းနှင့်အများ ခံစားလာကြရသည်။ဒီပြောင်းလဲမူကို ကျွန်တော်
 ဒီမိုကရေစီပြောင်းလဲ  မူလို့ခေါင်းစဉ်တပ်ပါ့မယ်။  ဟုတ်ပြီ...ဒီမိုကရေစီဆိုသည်နှင့်ပြည်သူကို
အခြေပြုသည့်နိုင်ငံရေးစနစ်တစ်ရပ်ဆိုတာအကြမ်းဖျင်းသိထားရပါမယ်။ယခင်အာဏာရှင်စနစ် နှစ်ပေါင်း(၆၀)
 လောက်အတွင်းမှာ ကျွန်တော်တို့အတွက် ဘာဆိုးမွေ၊ကောင်းမွေ တွေရခဲ့သလဲဆိုတာ ထက် ဘာသင်ခန်းစာတွေ ရခဲ့သလဲလို့ ဖော်ထုတ်ပြီး ဒီပြောင်းလဲ မူ့မှာပြုပြင်အသုံးချသွားဖို့သာ လိုပါတယ် ။ပြောင်းလဲလာတဲ့ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းပေါ်မှာလည်းခက်ခဲမူ့တွေ ကြမ်းတမ်းမူ့ တွေ စိန်ခေါ်မူတွေ အများကြီးရှိတယ်ဆိုတာလည်းကျွန်တော်တို့တွေမမေ့သင့်ပါဘူး။အဖွဲ့အစည်း(Institution)တွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ  (Constitution) တွေကို အမှန်တကယ် နားလည်လက်ခံပြီး နိုင်ငံ ရဲ့ ရည်မှန်းချက်
 (Mission)ကိုမသွေဖယ်ဘဲ တစ်ပြိုင်တည်းသွားနေကြယင်  အဘယ်သို့သော   အမြင်မတူမူ   (Conflict)
 တွေရှိနေပါစေ ကျွန်တော်တို့နိုင်ငံတော်ကြီးကမ္ဘာ့အလယ်မှာမျက်နှာမငယ်ရပါဘူး။
အဓိက(Institution)တွေဖြစ်တဲ့ကျွန်တော်တို့နိုင်ငံရဲ့အဓိကမဏ္ဍိုင်(Pillor)     ကြီး(၃)ခုအဖြစ်   သတ်မှတ်
ထားသော-
(၁)  လွတ်တော်/ဥပဒေပြုအဖွဲ့ မဏ္ဍိုင်    ( Parliament )
(၂)  တရားရေးမဏ္ဍိုင်                        ( Judiciary )
(၃) အုပ်ချုပ်ရေးမဏ္ဍိုင်                ( Executive ) တို့ ဟာ  တစ်ခုနှင့် တစ်ခု ဘယ်လောက်ထိ ချိတ်ဆက်လည်ပတ်နိုင်သလဲ၊    ပင်နယံ(၃)ခုဆိုပါစို့၊   အစိတ်ကလေးတစ်စိတ်  လည်ပတ်သွားတိုင်း၊
 ဆောင်ရွက်ချက် တစ်ခုရှိသွားတိုင်းမှာ တိုင်းပြည်အပေါ် အကျိုးသက်ရောက်မူ(Impact) ဘယ်လောက် ရှိသလဲ ၊ ချိတ်ဆက်ထားသော အခွင့်အာဏာ( Embedded autonomy ) ဘယ်လောက် မျှတစွာခွဲဝေထားလဲ၊ စိန်ခေါ်မှူု့တွေ(Challenges ) ကို ဘယ်လိုနည်းလမ်းတွေ နဲ့တုန့် ပြန်မလဲ  ဆိုသော အချက်များသည် လွန်စွာအရေးကြီးလှသည် ။(ဥပမာ ပေးရလျှင် လူမျိုးစုပေါင်း(၁၀၀)ကျော်ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည် ဟာ ဖရိုဖရဲဖြစ်နေသော လူမျိုးစုများဖြင့်စုစည်းထားသော တိုင်းပြည်( State nation )ဘ၀ကနေ   (one country -one nation) လို့ ခေါ်တဲ့ (Nation state )စနစ်  ကိုဦးတည်သွားနေတာလား၊ လူမျိုးစုံ ဘာသာစုံ တိုင်းပြည် ( Muti national state ) စနစ် ကိုဦးတည်
သွားနေတာလားဆိုတဲ့ ပြသနာဟာလည်း စိန်ခေါ်မူတစ်ရပ်ပင်။)။တိုင်းပြည်တစ်ခု ရဲ့ ပွင့်လင်းမြင်သာမူ 
( Transparency ) တိုးတက်လာတာနှင့်အမျှ  အစိုးရ အဖွဲ့ ရဲ့  တာဝန်ရှိ ခြင်း( accountability ) နှင့် တာဝန်ခံခြင်း ( responsibility ) စွမ်းဆောင်ရည်မြင့်တက်လာပေမည်။ ယခုကာလ အစိုးရ ရဲ့ လုပ်ဆောင်ချက်တိုင်း တိုင်းပြည်အပေါ် ဘယ်လောက် အကျိုးသက်ရောက်မူ ( Impact ) ရှိသလဲ ဆိုသည် မှာအားလုံးမျက်မြင်ပင်။လက်ခံတဲ့သူ ကျွန်တော် အပါအ၀င် (၇၅) ရာခိုင်နှုန်းအထက်မှာပါ ။လူကိုလက်ခံတာမဟုတ်ပါဘူး။ မူကိုကြိုက်တာပါ။အရိပ်တကြည့်ကြည့်စောင့် ကြည့်နေဆဲ ကာလဖြစ်သလို အစိုးရအပိုင်းမှာအခက်အခဲ တွေအများကြီးရှိတယ် ဆိုတာ မမေ့သင့်ပါ ဘူး။ Social system မှာ စနစ်တကျနဲ့ ပျက်ယွင်းနေတာကိုဘယ်လိုပြုပြင်ပြောင်းလဲ မှာ လဲ၊ ကျွန်တော် တို့ဟာအာဏာရှင်စနစ်တစ်ခုကိုကျော်ခဲ့ပြီ၊ပြည်ဖုံးကားချထားလိုက်ပြီဆိုခဲ့ယင် ၊ဒီစနစ်တကျ ပျက်စီးမူတွေ ကို ဘယ်လိုတားဆီးမှာလဲ၊ရေစီးချောင်း၊မိုးခါးရေတွေကို ဘယ်လိုသန့်စင်မှာလဲ ၊စေတနာတစ်ခုနဲ့ဘဲ လာဘ်စားမူ (corruption)တွေ၊   ကိုယ်ကျင့်တရား  (Ethic) ဖောက်ပြန်တဲ့သူတွေ၊ ပြည်သူ့ကိုယ်စားပြုလို့
 အော်ပြီးပြည်သူ့ဝန်ထမ်းလို့အမည်တပ်ပြီးကိုယ်ကျိုးကြည့်သူတွေကိုအကုန်ဖြုတ်ထုတ်သတ်လုပ်မယ်ဆိုယင် လည်း အာဏာရှင်စနစ်လို့ ဆိုဦးမယ်။ ဒါကအာဏာရှင်စနစ် ကတည်းက စနစ်တကျနဲ့ လုပ်ဆောင်သင့်တဲ့ အချက်ပါ။ဒီအချက်ကတော့ အာဏာရှင်စနစ်ရဲ့ ကောင်းကွက်ပေါ့။ဒါပေမယ့် ကျွန်တော် တို့ ကနောက်ပြန်မလှည့်ကြေး ဒီမိုကရေစီယန္တရားကိုစတင်လည်ပတ်နေပြီဆိုသောကြောင့်တော်လှန်ခြင်း
(Revolution)မလုပ်ဘဲ၊ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့စနစ် (Evolutioan) နဲ့တဖြည်းဖြည်းချင်းသွားကြမယ်။
ဒါက မြန်မာလူမျိုးတိုင်း ကျွန်တော်တို့ နိုင်ငံသားတိုင်း တစ်ဦးချင်း ၊တစ်ဖွဲ့ ချင်းဟာ ဆိတ်ကွယ်ရာမှာတောင် ငါ့ရဲ့ လုပ်ဆောင်ချက်ဟာနိုင်ငံနဲ့ယှဉ်တယ်၊နိုင်ငံကို ကိုယ်စားပြုတယ်လို့ အတွေးမျိုးကိန်းအောင်းနေဖို့ လို ပါတယ်။တစ်ခုများတင်ပြချင်တာကကျွန်တော်တို့နိုင်ငံကဒီမိုကရေစီနိုင်ငံမဖြစ်သေးပါဘူး။ ခုမှလမ်းကြောင်း
ကိုလျှောက်လှမ်းနေကြတာပါ။ ဒီအချိန်မှာ ဒီမိုကရေစီရင့်သန်နေတဲ့နိုင်ငံတွေနဲ့ ယှဉ်ပြီး ဘာတွေမရလို့၊ဘာတွေမလုပ်ပေးလို့၊ ဘာမလုပ်ရလို့၊ညာမလုပ်ရလို့၊ဘယ်နိုင်ငံက ဘယ်စည်းမျဉ်းနဲ့ မကိုက်ညီလို့လို့လက်ညိုးထိုးအော်နေကြမယ့်အစားအစိုးရဘာတွေလုပ်နေလဲ၊ဘာတွေလိုအပ်ချက်ရှိသလဲ၊
ဘယ်အခက်အခဲတွေကို   ဘယ်လိုဖြေရှင်းနေသလဲ၊ ဆိုတာ စောင့်ကြည့်ရမယ်။အော် တာကောင်းပါတယ်၊
အခွင့်အရေးရပြီလေ။မသိဘဲသိမ်းကျုံးပြီးအော်နေလို့တော့မရဘူး။သိပြီးမှတော့ပိုကျယ်တာပေါ့။ပိုခိုင်မာ
တာပေါ့။အပျက်သဘောမဆောင်ယင်သူလည်းတိုင်းပြည်အတွက်ကိုယ်လည်းတိုင်းပြည်အတွက်ဆိုတော့
လက်ခံလို့ရတယ်။  သဘောထားကွဲလွဲမူ(Conflict)တွေကိုလျှော့ချလို့ရမယ်။  အဲ့ဒီလို တူတာတွေယူပြီး
ညီညွတ်မူလုပ်ရမယ် ။ညီညွတ်ကြမှလည်း ခိုင်မာလာမယ်။ယုံကြည်ချက်တူတယ် ၊ခိုင်မာရင့်သန်မယ်ဆိုယင် ဘယ်လိုဘဲစနစ်တကျနဲ့ပျက်စီးနေပါစေပြုပြင်ပြောင်းလဲနိုင်လာမယ်လို့ယုံကြည်တယ်နိုင်ငံရဲ့ ကောင်းမွန်တဲ့ ဒီမိုကရေစီယဉ်ကျေးမူ (Democracy Culture)လေးတွေကို ၀ိုင်းဝန်းထိန်းကျောင်းပေးရမယ်။တည်ဆောက်
ရမယ်။ကျွန်တော်တို့ဘယ်ကစပြီးပြောင်းလဲမလဲ။ကျွန်တော်ကစပြီးပြောင်းလဲရပါမယ်။ဒါကိုလူတိုင်းနိုင်ငံသား
တိုင်း လက်ခံကျင့်သုံးရမယ်။ယုံကြည်ရမယ်။

လွမ်းသုခ(ဗေဒါ)

No comments: